Popular Myanmar News Journal
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အတောက်အကူပြုနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးဘိုသောင်း (ဥက္ကဌ/အဖွဲခေါင်းဆောင်)၊ ဒေါက်တာအေးကျော် (ဒုဥက္ကဌ/ဒုအဖွဲ့ ခေါင်းဆောင်)၊ ဦးမြင့်သိဏ်း (အတွင်းရေးမှူး /ပြောရေးဆိုခွင့်ရှိသူ)၊ရဲဘော်ထွန်းအောင်ကျော်(အလုပ်အမှုဆောင် မဟာမိတ်ဆက်ဆံရေး တာဝန်ခံ) တို့ခေါင်းဆောင်းပြီး နိုင်ငံတကာဌာနခွဲမှကိုယ်စားလှယ်များစုစုပေါင်း(၁၀)ဦး ပါဝင်သည့်အဖွဲသည်ယနေ့နံနက်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့မှ တဆင့် မြဝတီ လမ်းကြောင်းအတိုင်း ရန်ကုန်မြို့သို့ထွက်ခွာလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း/ဓာတ်ပုံ ကိုဇော်သူရ ( မဲဆောက်)
