အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ပြည်တွင်း ခရီးစဉ် နှင့်ပါတ်သက်၍ ထုတ်ပြန်ချက်
၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကို ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီ (၁၄) ရက်တွင် ဖွဲ့စည်း၍ ဒီမိုကရေစီတော်လှန်ရေး တာဝန်များ ထမ်းဆောင်ခဲ့သည်မှာ ၂၂ နှစ်ကျော် ကာလ တိုင်ပြီဖြစ်သည် ။
၂။ ယနေ့ နိုင်ငံရေး ဖြစ်ပေါ်မှုတွင် မိမိတို့သည် ပြည်တွင်းသို့ ခရီးသွားလာနိုင်သည့် အခွင့်သာမှုအရ ၊ လက်ရှိ မြန်မာနိုင်ငံရှိ အခြေအနေအရပ်ရပ်ကို လေ့လာလိုသည့်အပြင် ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များ တွင် တတ်အားသမျှ အထောက်အကူ ပြု လိုပါ သည်။ ပြည်တွင်းရှိ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများ မိတ်ဆွေ များ နှင့်လည်း တွေ့ ဆုံ ဆွေးနွေးသွားမည် ဖြစ်သည် ။
၃။ မိမိတို့၏ အဓိကဆန္ဒမှာ ၂၂ နှစ်ကျော် လွတ်မြောက်နယ်မြေတွင် တာဝန် ထမ်းဆောင် ခဲ့မှုကို မိခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံ တင်ပြအစီရင်ခံ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပါတ်သက်ပြီး ညှိနှိုင်းဆွေးနွေး ရန် ဖြစ်သည် ။ ထို့ပြင် မြန်မာနိုင်ငံ ပြည်သူလူထု ထံသို့ လည်း ရှင်းလင်းတင်ပြ လိုပါသည် ။
၎။ သို့ဖြစ်၍ မိမိတို့သည် (၂၆-၂-၂၀၁၃ ) ရက်တွင် ပြည်တွင်းခရီးစဉ် စတင်ပါမည် ။
၅။ မိမိတို့သည် မိခင်အဖွဲ့ချုပ်၏ မူဝါဒ သဘောတရားများကို ကိုင်စွဲပြီး မူလရည်ရွယ်ချက် များဖြစ်သော -
- အာဏာရှင်စနစ် ချုပ်ငြိမ်းရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဒီမိုကရေစီရေး
- စစ်မှန်သော ဖက်ဒရယ် ပြည်တောင်စုနိုင်ငံ တည်ဆောက်ရေး
တို့ကို မျက်ခြည်မပြတ်ပဲ ၊ မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်လူထုကြီး နှင့်အတူ အောင်ပွဲရ သည်ထိ လက်တွဲ ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည် ။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆ ) ရက်
ဆက်သွယ်ရန် ။ ။ ဦးမြင့်သိဏ်း ၀၈၄ ၄၅၆ ၅၅၈၃

