အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွှတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ၂၁နှစ်ကြာဖွဲ့စည်းတည်ထောင်ခဲ့သည့် အဖွဲ့ အောင်မြင်စွာရုပ်သိမ်းခြင်း အခမ်းအနားကို ၂၀၁၆ခုနှစ် ဇူလှိုင်လ၃ရက်နေ့ IKEBUKURO KENKO PLAZA ,7F တွင် နေ့လည် ၁:၃၀နာရီမှ ညနေ၅:၀၀ရီအထိ ကျင်းပခဲပါသည်။
အခမ်းအနားသို့ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ဖိတ်ကြားထားသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံရေးလှုတ်ရှားသည့် အဖွဲ့အစည်းအသီသီးနှင့် ဂျပန်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး အမှာစကားပြောကြားခဲ့ပါသည်။
သတင်းနှင့်ရုပ်သံ။ ။ သတင်းပြန်ကြားရေးနှင့်စာပေသုတေသန (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွှတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ၂၀၁၅-၂၀၁၆ခုနှစ် အလုပ်အမှုဆောင်သက်တမ်း (၁၇)ကြိမ်မြောက်ညီလာခံကို ၂၀၁၆ခုနှစ် ဇူလှိုင်လ၃ရက်နေ့ IKEBUKURO KENKO PLAZA ,7F တွင် မနက် ၉:၀၀နာရီမှ နေ့လည် ၁၂:၀၀ရီအထိ ကျင်းပခဲပါသည်။
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
NLDပါတီကိုစတည်ထောင်ခဲ့စဉ်ကပါဝင်ခဲ့သူ၊ ဗဟိုဦးစီးအဖွဲ့ဝင် တတ်သိပညာရှင်များအဖွဲ့ဝင်၊ NLD_LAကိုစတင်တည်ထောင်ခဲ့သူ၊ NLD(LA)Japanကိုဖွဲ့စည်းတည်ထောင်ပေးခဲ့သည့် အဘဦးဝင်းခက်သည် ယနေ့နံနက်၇နာရီတွင်Australia နိုင်ငံsydneyမြို့Wesmedဆေးရုံကြီးတွင်ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်ရဲဘက်များနည်းတူ ဝမ်နည်းကျေကွဲမိပါသည်။
အဘဦးဝင်းခက် ကောင်းရာသုဂတိလားပါစေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ )ဂျပန်ဌာနခွဲ
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
စစ်တွေမြို့၊ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်းမှ ဦးစံကျော်(အဒိုင်းချေ)သည် ၁၅.၁၀.၂၀၁၅ နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ikebukuro နေအိမ်တွင် ကွယ်လွန်သွားကြောင်းကြားသိရသဖြင့်မိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲမိပါကြောင်း အကြောင်းကြားအပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
ဂျပန်နိုင်ငံရောက်ရခိုင်သူ/သားများနှင့် ကွယ်လွန်သူ ဦးစံကျော်(အဒိုင်းချေ) မိတ်ဆွေများအား ဖိတ်ကြားအပ်ပါသည်။
စစ်တွေမြို့၊ကျေးပင်ကြီးရပ်ကွက်၊ ကမ်းနားလမ်းမှ ဦးစံကျော်(အဒိုင်းချေ)သည် ၁၅.၁၀.၂၀၁၅ နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ikebukuro နေအိမ်တွင် ကွယ်လွန်သွားပါသည်။ ဦးစံကျော်အား ရည်စူးပြီး မိမိတို့ရခိုင်လူမှုရေးအသင်း(ဂျပန်)မှ ၁.၁၁.၂၀၁၅ နေ့၊ Nippori ARG ရုံးခန်း၌ နံနက်(၁၀)နာရီတွင် ပရိတ်နာ၊အသုဘဆွမ်းသွပ်အမျှပေးဝေမည်ဖြစ်သွားကြောင့်
ဂျပန်နိုင်ငံရောက်ရခိုင်သူ/သားများနှင့် ကွယ်လွန်သူ ဦးစံကျော်(အဒိုင်းချေ) မိတ်ဆွေများလာရောက်ပေးကြပါရန်
လေးစာစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
ရခိုင်လူမှုရေးအသင်း(ဂျပန်)
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲဧ။် ဥက္ကဌ ဖြစ်သူ ကိုနေထွန်းနိုင် အသက် ၄၆ နှစ်သည်
တောင်ကိုရီးယားနိုင်ငံ ဖူချွန်းမြို့ ဆွန်းချောင်းယန်
တက္ကသိုလ် ဆေးရုံကြီးတွင် ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ ၄ ရက် သောကြာနေ့ ဒေသစံတော်ချိန် မနက် ၄နာရီ အချိန်ခန့်တွင် နှလုံးရောဂါဖြင့်
ဘ၀တစ်ပါးသို့ ကွယ်လွန် အနိစ္စ ရောက်ရှိသွားကြောင်း
ကြားသိရသဖြင့် မိသားစုနှင့်ထပ်တူ NLD(ကိုရီးယားဌာနခွဲ)နှင့်ထပ်တူဝမ်းနည်းမိပါသည်။
ကိုနေထွန်းနိုင် ကောင်းရာသုဂတိလားပါစေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ )ဂျပန်ဌာနခွဲ
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
၂၀၁၅ သြဂုတ်လ ၂၃ရက်တွင်ကျင်းပခဲ့သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ဖွဲ့စည်းတည်ထောင့်ခဲ့သည့် နှစ်၂ဝပြည့် မွေးနေ့အခမ်းအနားအား အမှတ်တရစကားပြောကြားခဲ့ကြသည့်
#PFB (People Forum of Burma)
#JTUC-RENGO ( Japanese Trade Union Confedderation)
#The Democratic Party of Japan
#LDB (League for Democracy in Burma)
နှင့် မြန်မာအဖွဲ့အစည်းများ၊ NLD(LA)JB ကိုရီးယားဌာနခွဲမှ ဥက္ကဌ ဦးနေထွန်းနိုင်နှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များ အားလည်းကောင်း၊ဥက္ကဌဟောင်း ဦးသန့်ဇင်ဦးအားလည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ မှ
အထူးကျေးဇူးတင်ရှိပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ နှစ်၂ဝပြည့် အမှတ်တရအခမ်းအနားအား တိုကျိုမြို့ Toshimaku,Ikebukuro Kenko Plaza 7F တွင် ၂၀၁၅ သြဂုတ်လ ၂၃ရက်နေ့တွင်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဂျပန်အဖွဲ့အစည်းများဖြစ်သည့်
#PFB (People Forum of Burma)
#JTUC-RENGO ( Japanese Trade Union Confedderation)
#The Democratic Party of Japan
#LDB (League for Democracy in Burma)
နှင့် မြန်မာအဖွဲ့အစည်းများ၊ NLD(LA)JB ကိုရီးယားဌာနခွဲမှ ဥက္ကဌနှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များ မှအသီးသီး အမှတ်တရစကားပြောကြားခဲ့ကြပါသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲတွင် ကာလကြာရှည်စွာတာဝန်ယူ ဦးဆောင်ခဲ့သည့် ဥက္ကဌဟောင်း ဦးသန့်ဇင်ဦးမှလည်း အမှတ်တရစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့်ဧည့်သည်
တော်များအား အစားသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို ည၈:၃၀ တွင်ရပ်နားခဲ့ပါသည်။
သတင်းနှင့်ဓါတ်ပုံ
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....
အဖွဲ့ချုပ်အဖွဲ့ဝင်များခင်ဗျာ
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ရေဘေးသင့် ဒုက္ခသည်များအတွက် အဖွဲ့ချုပ်အဖွဲ့သားများနှင့် ဂျပန်မိတ်ဆွေများမှ ထည့်ဝင်လှူဒါန်းငွေ ၅၂၅၇၀၀၀/ိ-(ငါးဆယ့်နှစ်သိန်းငါးသောင်းခုနှစ်ထောင်)ကျပ်ကို အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားခဲ့
သောဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ပေးပို့
လှူဒါန်းခဲ့ပါသည်။
အလှူငွေထည့်ဝင်ပေးခဲ့ကြသော အဖွဲ့ချုပ်အဖွဲ့သူ အဖွဲ့သားများနှင့် ဂျပန်မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်..♥
သတင်းအကျဉ်းချုပ်..♥
....♥♥♥♥♥♥ ....