အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ နှစ်၂ဝပြည့် အမှတ်တရအခမ်းအနားအား တိုကျိုမြို့ Toshimaku,Ikebukuro Kenko Plaza 7F တွင် ၂၀၁၅ သြဂုတ်လ ၂၃ရက်နေ့တွင်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဂျပန်အဖွဲ့အစည်းများဖြစ်သည့်
#PFB (People Forum of Burma)
#JTUC-RENGO ( Japanese Trade Union Confedderation)
#The Democratic Party of Japan
#LDB (League for Democracy in Burma)
နှင့် မြန်မာအဖွဲ့အစည်းများ၊ NLD(LA)JB ကိုရီးယားဌာနခွဲမှ ဥက္ကဌနှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များ မှအသီးသီး အမှတ်တရစကားပြောကြားခဲ့ကြပါသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲတွင် ကာလကြာရှည်စွာတာဝန်ယူ ဦးဆောင်ခဲ့သည့် ဥက္ကဌဟောင်း ဦးသန့်ဇင်ဦးမှလည်း အမှတ်တရစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့်ဧည့်သည်
တော်များအား အစားသောက်များဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို ည၈:၃၀ တွင်ရပ်နားခဲ့ပါသည်။
သတင်းနှင့်ဓါတ်ပုံ
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
























