Wednesday, February 27, 2013

တောင်အာဖရိကမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အမေရိကန်စင်တာ၌ မြန်မာ့ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲ


တောင်အာဖရိကမှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Archbishop Emeritus Desmond Tutu သည် ယနေ့တွင် (ဖေဖော်ဝါရီ ၂၇ ရက်) ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ မြန်မာ့ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲအား ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲ၌ ဘုန်းတော်ကြီး Desmond Tutu က ပြန်လည်သင့်မြတ်ရေး၊ ခန္ဓီပါရမီနှင့် ယုံကြည်ခံယူချက်တို့အကြောင်း ဆွေးနွေးသွားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ အခြေအနေအား ယင်း၏ဇာတိ တောင်အာဖရိကနိုင်ငံ အနေဖြင့် အပယ်ခံ၊ အဖိအနှိပ်ခံဘဝမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာခဲ့ပုံနှင့် နှိုင်းယှဉ်ဖော်ပြသွားခဲ့သည်။

ယင်းက “အပယ်ခံ၊ အဖိအနှိပ်ခံဘဝကနေ ကမ္ဘာ့အချစ်တော် ဖြစ်လာခဲ့ပါတယ်။ သူတို့ပြောသလိုပါပဲ “Flavour of the Month” (လူအများ၏ ဝေဖန်ပြောဆိုမှုကို ခေတ္တသာ ခံရခြင်းအား တင်စားခေါ်ဝေါမှု) ဖြစ်မှပါ။ ဆိုးသွမ်းတဲ့ ပိုးကောင်ဘဝကနေ လှပတဲ့ လိပ်ပြာတစ်ကောင် ဖြစ်လာနိုင်ပါတယ်။ ဖိနှိပ်နေတဲ့ လူတွေကိုယ်တိုင်ကလည်း လွတ်လပ်မှုပေးတာဟာ ဖိနှိပ်ချုပ်ချယ်ထားရတာထက် ပိုလွယ်တယ်ဆိုတာ သိလာပါတယ်။ ဆန်ရှင်တွေနဲ့ ရင်ဆိုင်စရာလဲမလိုဘူး။ လူတွေကို သော့ခတ်ပြီး ချုပ်ချယ်ထားဖို့လည်း အရင်းအနှီး စိုက်ထုတ်စရာ မလိုဘူး။ ခတ်ထားတဲ့သော့ကို ထိန်းသိမ်းဖို့လည်း လုံ့လစိုက်ထုတ်နေစရာ မလိုဘူး။ သေချာကြည့်ရင် လွတ်လပ်မှုက အများကြီးကို ပိုလို့သက်သာပါတယ်။” ဟု ပြောကြားခဲ့သည်။
---
Photos: US Embassy (Myanmar). All Rights Reserved.

  Myanmar Social Entertainment News Network




....♥♥♥♥♥♥ ....