မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်) သည် 2.5.2012.ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သီးကုန်းရွာ အလှူအကြိုတရားပွဲ သို့ ကြွရောက်တရားဟောခဲ့ကြောင်း သိရ
ပါသည်။ သီးကုန်းရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပသော အလှူဒါယကာ ဦးနိုင်အောင်ဝင်း၊ အလှူဒါယကာမ ဒေါ်မော်လီ သမီး-မဇူဇူလွင်၊ သား-မောင်နေမျိုးကျော်ဇင်၊ မောင်မျိုးမင်းထွဋ်- မိသားစုတို့၏ ရဟန်းခံရှင်ပြုနားသ အလှူတော်မင်္ဂလာအကြို တရားပွဲဖြစ်ပြီး၊ ထိုတရားပွဲ၌ အရှင်ဝီရသူ
က “လူချင်းတူသော်လည်း အသက်ရှူခြင်းတော့ ကွဲလွဲတယ်” တရားတော်ဟောကြားခဲ့ ကြောင်း၊ အဆိုပါတရားပွဲသို့ အသွား-လမ်းခရီးတွင် ဇရပ်တွင်းရွာ NLD.ရုံးသို့ ခေတ္တကြွရောက်ခဲ့ကြောင်း၊ NLD.ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်က သြဝါဒကထာ ချီးမြှောက်ဖို့ တောင်းပန်လျှောက်ထားသဖြင့် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရပါသည်။ နိုင်ငံရေး သမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် ကျင့်ဝတ်၊ သိက္ခာ၊ အရည်အချင်း၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တို့ ပြည့်စုံမှ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်မှာ ဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်မှ နိုင်ငံကိုအလုပ်အကျွေးပြု
သည့် နိုင်ငံရေးသမားတွေ ပေါ်ပေါက်လာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ကြောင်း၊ ပြည်သူအများစုမှာ
နိုင်ငံးရေးအသိအမြင် မကြွယ်ဝသေးကြောင်း၊ ဒါကြောင့် နိုင်ငံရေးပညာနှင့် ကိုယ်ကျင့်သိက္ခာ ကွဲပြားအောင် မကြည့်နိုင်သေးကြောင်း၊ ဦးနုအောင်မြင်ခဲ့တာ ကိုယ်ကျင့်သိက္ခာကြောင့် ဖြစ်ကြောင်း၊ သူတစ်ပါးမယားကိုမှ စိတ်မချရသူလက်ထဲ နိုင်ငံတစ်ခုလုံးအပ်နှံဖို့ မသင့်နိုင်သေးကြောင်း၊ ဒါကြောင့် နိုင်ငံရေးသမားတိုင်း ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံရမှာ ဖြစ်ကြောင်း၊ လူငယ်အများစုသည်
နိုင်ငံရေးတက်ကြွ အားသန်ကြသော်လည်း အရည်အချင်းမရှိကြကြောင်း၊ အရည်အချင်း မရှိလျှင် ကျရှုံးနိုင်ပြီး၊ ကြောက်အားကြီးလျှင်လည်း အလုပ်မဖြစ်တော့ကြောင်း၊ အရည်အချင်းလည်းရှိ သတ္တိလည်းရှိသည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မရှိလျှင်-ဆိုသည့် အထွေးဖြင့် အမွေဆက်ဆံမည့် မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးဖို့လိုကြောင်း၊ ပြည်သူချစ်သောပါတီ သရဖူဆောင်းနေချိန်မှာ ပြည်သူချဉ်သောပါတီ အဖြစ်သို့ မရောက်ရှိစေလိုကြောင်း မိန့်ကြားခဲ့သည်ဟု သိရပါသည်။
.
ပါသည်။ သီးကုန်းရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပသော အလှူဒါယကာ ဦးနိုင်အောင်ဝင်း၊ အလှူဒါယကာမ ဒေါ်မော်လီ သမီး-မဇူဇူလွင်၊ သား-မောင်နေမျိုးကျော်ဇင်၊ မောင်မျိုးမင်းထွဋ်- မိသားစုတို့၏ ရဟန်းခံရှင်ပြုနားသ အလှူတော်မင်္ဂလာအကြို တရားပွဲဖြစ်ပြီး၊ ထိုတရားပွဲ၌ အရှင်ဝီရသူ
က “လူချင်းတူသော်လည်း အသက်ရှူခြင်းတော့ ကွဲလွဲတယ်” တရားတော်ဟောကြားခဲ့ ကြောင်း၊ အဆိုပါတရားပွဲသို့ အသွား-လမ်းခရီးတွင် ဇရပ်တွင်းရွာ NLD.ရုံးသို့ ခေတ္တကြွရောက်ခဲ့ကြောင်း၊ NLD.ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်က သြဝါဒကထာ ချီးမြှောက်ဖို့ တောင်းပန်လျှောက်ထားသဖြင့် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရပါသည်။ နိုင်ငံရေး သမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် ကျင့်ဝတ်၊ သိက္ခာ၊ အရည်အချင်း၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တို့ ပြည့်စုံမှ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်မှာ ဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်မှ နိုင်ငံကိုအလုပ်အကျွေးပြု
သည
နိုင်ငံးရေးအသိအမြင် မကြွယ်ဝသေးကြောင်း၊ ဒါကြောင့် နိုင်ငံရေးပညာနှင့် ကိုယ်ကျင့်သိက္ခာ ကွဲပြားအောင
နိုင်ငံရေးတက်ကြွ အားသန်ကြသော်လည်း အရည်အချင်းမရှိကြကြောင်း၊ အရည်အချင်း မရှိလျှင် ကျရှုံးနိုင်ပြီး၊ ကြောက်အားကြီးလျှင်လည်း အလုပ်မဖြစ်တော့ကြောင်း၊ အရည်အချင်းလည်းရှိ သတ္တိလည်းရှိသည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ဖို့လိုကြေ