Sunday, May 6, 2012

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ကြေငြာချက်



( ၂၀၁၂ ခုနှစ်၊ မေလ ( ၁ ) ရက် )

  ပြည်သူလူထုကြီးအတွက် အဓိကလိုအပ်ချက်မှာ လွတ်လပ်မှု နှင့်တရားမျှတရေးပင်ဖြစ်သည်။ လွတ်လပ်မှုသည် မိမိတို့၏ အခြေခံလိုအပ်ချက်များကိုအပြီးပြည့်စုံဆုံးဖန်တီးနိုင်သော တန်ခိုးရှင်ဖြစ်
သော ကြောင့်အသက်သွေးပေါင်းများစွာဖြင့် ရင်းနှီးရယူနေခြင်းပင်ဖြစ်ပါသည်။
       တရားမျှတမှုသည် ငြိမ်းချမ်းရေးအတွက်ပင်မအသက်သွေးကြော ဖြစ်သောကြောင့်တရားမျှတရေး    
 အတွက် နေရာတိုင်း အဆင့်တိုင်းတွင် ပုံသဏ္ဍန် မျိုးစုံဖြင့်လှုပ်ရှားဆောင်ရွက်မှုများကိုတွေ့မြင်နေ
ရပါသည်။
တရားမျှတမှုအတွက်လှုပ်ရှားဆောင်ရွက်နေသော ပုံစံများစွာထဲမှကိုယ်ဒူးကိုယ်ချွန် စိတ်ဓါတ်ဖြင့် တည်

ဆောက်ထားသည့် ဖွဲ့စည်းမှုကို မိမိတို့ကွန်ယက် အနေဖြင့်လက်ခံကျင့်သုံးဖွဲ့စည်းထားပါသည်
မိမိတို့၏ အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ရယူခံစားနိုင်မည့်စနစ်တစ်ခုအား ပြည်သူလူထုကြီး 
ကိုယ်တိုင် တည်ဆောက် ကျင့်သုံးနိုင်မည်ကိုယုံကြည်သောကြောင့်  ဒေသခံ လူထုကိုအခြေခံသော
 ပြည်သူ့အကျိုးဆောင်ကွန်ယက်ကို မွေးဖွားခဲ့ခြင်းလည်းဖြစ်ပါသည်။ ကွန်ယက်သည်လှုပ်ရှားနိုင်သည့်
 ဘောင်ကို ဒေသတစ်ခုချင်းစီအလိုက် ဖွဲ့စည်းခြင်းနှင့်ဒေသအလိုက်ဖြစ်ထွန်းနေသော လူထုအဖွဲ့
စည်းများကိုချိတ်ဆက်၍ ဟန်ချက်ညီလှုပ်ရှားခြင်းကို စတင်ဆောင်ရွက်မည်။
တိုးတက်လာသောရလဒ်ကောင်းများနှင့် အခြေအနေ သစ်များအရ လူထုနိုင်ငံရေးယဉ်ကျေးမှုကို
 ဖြစ်ထွန်းစေရန်ပင်ဖြစ်ပါသည်။မိမိတို့ဘ၀အတွက် မိမိတို့ကိုယ်တိုင် ကာကွယ်တည်ဆောက်နိုင်ရေး
သည် ကွန်ယက်၏အဓိက မျှော်လင့်ချက်ပင်ဖြစ်ပေသည်။ ပြည်သူ့အကျိုးဆောင်ကွန်ယက်သည်
မိတ္ထီလာဒေသကိုစတင်အခြေခံကာ ဒေသခံပြည်သူများ မိတ်ဖက်အင်အားစုများကိုချိတ်ဆက်၍ 
မိတ္ထီလာမြို့ပေါ် ၁၄ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၇၉ ရွာအတွက်ပထမ ခြေလှမ်းအဖြစ် အလင်းရောင်
များ ထွန်းပစေပါတော့မည်။ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရားဥပဒေဘောင်တွင်း
မှလှုပ်ရှားမှုများကိုဆောင်ရွက်ရန် ကွန်ယက်၏ ရည်မှန်းချက်ပန်းတိုင်းအဖြစ် --
၁- ငြိမ်းချမ်းရေး
၂- တရားမျှတရေး
တို့ဖြစ်ပြီး အထက်ပါရည်မှန်းချက်တို့အောင်မြင်ပြည့်ဝစေရန်အတွက်လုပ်ငန်းစဉ်(၄) ရပ်ကိုချမှတ် 
ထားပါသည်။

၎င်း (၄)ရပ်မှာ -
၁။ မြို့ပြနှင့်ကျေးလက်ချိတ်ဆက်၍ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး၊
၂။ ကျေးလက်ဒေသ ပြည်သူများဘ၀ လုံခြုံရေးနှင့် မြင့်မားတိုးတက်ရေး၊
၃။ ဒေသတွင်း ပြည်သူများ၏ လူ့အခွင့်ရေး တန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရေး၊
၎။ ပြည်သူတို့၏ကောင်းကျိုးများကို ပြည်သူတို့ကိုယ်တိုင်ထိရောက်စွာ
ပါဝင်ဆောင်ရွက်နိုင်ရေး တို့ဖြစ်ပါသည်။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်ကို (၄.၄.၂၀၁၂) ရက်နေ့တွင်ဒေသခံလူထုများနှင့် 
အခြားသော ဒီမိုကရေစီအင်အားစုများဖြင့်ပူးပေါင်းကာစတင်ဖွဲ့စည်းခဲ့သည်။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၁.၅.၂၀၁၂)
ဆက်သွယ်ရန် လိပ်စာများ
maythanmyint@gmail.com
4u.jokerman@gmail.com
freedom.of.kaungmyatlay@gmail.com
dhrmp.22@gmail.com
09-2059904
09-43155796
.

....♥♥♥♥♥♥ ....