ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးတက်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့က လွှတ်တော်အစည်းအဝေးတက်ရောက်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီလို ကျမ်းသစ္စာကျိန်ဆိုရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကျမ်းကျိန်စာသားကို တိုင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးရဲ့ နောက်ဆုံးနေ့အဖြစ်ကျင်းပတဲ့ ဒီ လွှတ်တော်အစည်းအဝေး မှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း တက်ရောက်သတင်းယူခွင့် ရရှိခဲ့ကြပါတယ်။
သတင်း၊ရုပ်သံ။ ။Burma VJ Media