Sunday, May 6, 2012



 
အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရရှိတဲ့ ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ အခမ်းအနားကို မေလ ၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အီတလီ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဗကသများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ Labour Action နဲ့ တိုင်း နဲ့ ပြည်နယ် အသီးသီး မှာ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ က အဖွဲ့ဝင်တွေ ပေးပို့ လာတဲ့ သဝဏ်လွှာ တွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။ မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ္ဂ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ နှင့် သမဂ္ဂ ၆ ခု တို့  စုပေါင်းပြီး နိုင်ငံတော် သမ္မတ နဲ့ အစိုးရ အဖွဲ့တွေ အပါအဝင် လွှတ်တော် အမတ်တွေကို တိုက်တွန်း တောင်းဆိုတဲ့ တောင်းဆိုချက် ၈ ချက်ပါ ကြေငြာချက် တစ်စောင်ကို လည်း ထုတ်ပြန်ခဲ့ပါသည်။

ရုပ်သံ၊သတင်း။ ။Burma VJ Media

....♥♥♥♥♥♥ ....