Thursday, December 27, 2012

ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ

The Voice Weekly

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်မည့် ပညာရေး ရန်ပုံငွေ ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က အကျဉ်းထောင် အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ ခံစား ခဲ့ရပုံ များကို ထောင်တွင်း အချုပ်ခန်း ပုံစံပြု လုပ် ပြသသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဦးကျော်အောင်က ပြောကြားသည်။

ထောင်တွင်း၌ သံခြေကျင်း၊ ဖျာ၊ ဖလားနှင့် ထောင်တွင်း၌ နေထိုင်ရပုံ သရုပ်ဖော်မှု များကို တွေ့မြင်ရမည် ဖြစ်ပြီး ထောင်တွင်းဘဝ သရုပ်ဖော် ဓာတ်ပုံများကို ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ထုတ်ဝေသော ပြက္ခဒိန် များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ရေးသား ထားသော စာအုပ်များ၊ အခြား စာအုပ် များကို ရောင်းချ၍ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ဘဝပြန်လည် ထူထောင်ရေး ရန်ပုံငွေ အဖြစ် ရှာဖွေ သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ထံမှ စုံစမ်း သိရှိ ရသည်။


....♥♥♥♥♥♥ ....