ခွန် ဒီးယမ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီဟာ နောင်မှာ ကြိုတင် အကြောင်းကြား တာမျိုး မလုပ်ပဲ တရားရုံးတွေကို ရှောင်တခင် ၀င်ရောက် စစ်ဆေးမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။ အရင် တရားရုံးတွေကို စစ်ဆေးခဲ့တဲ့ အတွေ့အကြုံအရ ကြိုတင်အကြောင်းကြားထားရင် တရားသူကြီးဟာ သူ့ကားကို ရုံးကို ယူမလာတာမျိုး အပါအ၀င် ကြိုတင်ပြင်ဆင်တာတွေ လုပ်နိုင်လို့ အဲလို မလုပ် နိုင်အောင် ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်လို့ ကော်မတီ အဖွဲ့ဝင် ဦးသိန်းညွန့်ကလည်း ရှင်းပြပါတယ်။
