ဒီမို ဖက်တီး
ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာက လာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့ တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည် ဓားပြတိုက်၊ တိုင်းပြည် ၀မ်းဗိုက်ဖောက်တဲ့ အမှုကြီးကို အလျော်ပေးရုံနဲ့  ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။ ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေ အချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊
အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ မရဘူးဗျ။ ပွင့်လင်း မြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာ ကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။ အဲဒိခေတ်အမှားတွေ ကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင်အရောက်ကို ပို့ ကြရမှာဗျ။
(ဟံသာဝတီ ဦးဝင်းတင်)