ကျနော်..ဟိုးအရင်တုန်းက ဒေါ်စုကိုသိပ်မကြိုက်လှဘူး။ သို့ပေမဲ့ စစ်အာဏာရှင်တွေကိုမကြိုက်တာကြော င့်
ကျနော်တို့ကိုယ်စား ကြံ့ကြံ့ခံ ရင်ဆိုင်ပေးနေတဲ့ ခေါင်းဆောင်အဖြစ်
မှတ်ယူထားပါတယ်။ ဒေါ်စုကို ဘာလို့ သိပ်မကြိုက်တာလဲလို့မေးလာရင်..
ရေရေရာရာတော့ ဖြေစရာမရှိဘူး။ တစ်ခုပဲ ကိုယ့်ကိုယ်ကို သိနေတာကတော့ လူအများက
သဲသဲလှုပ် အမေအမေနဲ့ဖြစ်နေလို့.. လူအများကို ကန့်လန့်တိုက်ချင်တဲ့
ဆန့်ကျင်ချင်တဲ့ ကြီးကောင်ဝင်ကာစ လူငယ်စိတ်မျိုးနဲ့ မကြိုက်ခဲ့တာလို့ပဲ
ပြောနိုင်ပါလိမ့်မယ်။ သူ့မိန့်ခွန်းတွေ သူ့ရဲ့လှုပ်ရှားမှုတွေကိုလဲ ဘာမှတော့
သေချာ လေ့လာခဲ့တာမျိုးမရှိလှဘူး။ အခုတလောလေးကမှ.. ဒေါ်စုကိုဦးတည်ပြီး
တစ်ဖက်သတ် အပုပ်ချတိုက်ခိုက်နေတာတွေကို တွေ့တော့..ဒါမတရားပြောနေတာပဲ..
ငါတတ်နိုင်သလောက်တော့ ပြန်ချေပမယ်ဆိုတဲ့စိတ်နဲ့ သူ့အကြောင်း
နဲနဲလေ့လာဖြစ်တယ်။ နဲနဲလေ့လာရုံနဲ့လေးနဲ့ပဲ..
သူ့ကိုလေးစားကြည်ညိုမိလာပါတော့တ ယ်။
အခုအထိလည်း အများကြီး မသိသေးပါဘူး။ သို့သော် ကျနော် နဲနဲလေး
လေ့လာမိသလောက်နဲ့ပဲ.. သူဟာ မျက်မှောက်နိုင်ငံရေးမှာ မရှိမဖြစ် အဖိုးတန်တဲ့
ခေါင်းဆောင်ကောင်းတစ်ဦးလို့ ယုံကြည်လာမိတော့တ
ယ်။
ဟိုတလောက သူဥရောပသွားတော့ ပြောခဲ့သမျှ စကားတွေဟာ အင်္ဂလိပ်လိုဖြစ်နေလို့
ဘာသာစကားအားနည်းတဲ့အတွက် သေချာ နားမထောင်ဖြစ်ဘူး။ အခု အမေရိက ခရီးစဉ်မှာ
မြန်မာမိသားစုတွေကို မြန်မာလိုပြောတဲ့သူ့စကားကို အွန်လိုင်းပေါ်တင်ပေး
ထုတ်လွှင့်ပေးတော့ သေချာနားထောင်ဖြစ်တယ်။ သူ့စကားတွေမှာ သူ့ရဲ့
ဥာဏ်အမျှော်အမြင်၊ ရိုးသားမှု၊ သမာဓိ အင်မတန်လေးစားစရာကောင်းအောင်
တွေ့လိုက်ရတော့ ယခင့်ယခင်ကထက် အများကြီးတိုးလို့..
ယုံကြည်လေးစားမိလာပါတော့တယ်။ ခါတိုင်းဆို.. လူအများ
သဲသဲလှုပ်တဲ့ကိစ္စမျိုးမှာ ဖာသိဖာသာနေတတ်ခဲ့ပေမဲ့.. အခုလို ဒေါ်စုအကြောင်းကို
သေချာသိချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးခဲ့တဲ့..ဒေါ်စုမုန်းဘ က်တော်သား
အပုပ်ချသမား အမျိုးသားအမျိုးသမီးများကို အထူးပဲကျေးဇူးတင်မိပါတော့တယ်။
သူတို့သာ ဘာမှအပုပ်မချ၊ မတိုက်ခိုက်ပဲနေနေမယ်ဆို... ကျနော့အနေနဲ့
ဒေါ်စုအကြောင်း လေ့လာဖြစ်မှာမဟုတ်လို့ပါ။ ရွဲ့ပြောတာမျိုးမဟုတ်ပဲ..တကယ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
-(မိုးကောင်းဆု)
.
ကျနော်..ဟိုးအရင်တုန်းက ဒေါ်စုကိုသိပ်မကြိုက်လှဘူး။ သို့ပေမဲ့ စစ်အာဏာရှင်တွေကိုမကြိုက်တာကြော