KIBA KOEN(တိုကျို)တွင် ယနေ့ ၃၀-၉-၂၀၁၂ နေ့တွင် ကျင်းပခဲ့ပါသည်။ နံနက် ၁၁နာရီတွင် ပွဲတော်ကိုစတင်ဖွင့်လှစ်၍ အစီအစဉ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပပြီးနောက် တေးဂီတအဖွဲ့များဖြစ်သည့် SUJI TUBE ၊ MUSIC LOVER ၊ MARSHALL ၊THE ASIANS နှင့် T.O.Fအဖွဲ့များမှ ခေတ်ပေါ်တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊ ရွှေဝါရောင်အငြိမ့်အဖွဲ့နှင့် ရင်သွေးငယ်များ၏ တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခြင်း၊ AUNအဖွဲ့မှ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ယနေ့သီတင်းကျွတ်ပွဲတော်သို့ မြန်မာ၊ ဂျပန်ပရိတ်သတ် ၄၀၀ကျော် မြန်မာ့ရိုးရာစားစရာများ စုံစုံလင်လင်စားသောက်ရင်း ပျော်ပျော်ရွှင်ရွှင်ဆင်နွဲခဲ့ကြပါတယ်။
သတင်းနှင့် ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
.