Thursday, August 16, 2012

ဆရာစံတောင် စံပြရပ်ကွက် NLD ရပ်/ကျေးရုံးဖွင့်




T
by BurmaVJMedia


ဆရာစံတောင် စံပြရပ်ကွက် NLD ရပ်/ကျေးရုံးဖွင့်
ရန်ကုန်တိုင်း
ဗဟန်းမြို့နယ် ဆရာစံတောင်စံပြရပ်ကွက်မှာ သြဂုတ်လ ၁၂ ရက်နေ့က
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေးရုံးခန်း ဖွင့်လှစ်ပွဲ
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်တင် ၊
မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ၊
တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနဲ့ ဗဟန်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဖျာပုံနီ လုံဦး တို့
လာရောက်ခဲ့ကြပါတယ်။ နံနက် ၉ နာရီကနေ စတင်ပြီး အစီအစဉ် ၁၁ ရပ်နဲ့
ကျင်းပပြုလုပ်တဲ့ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် စုစုပေါင်း၂၀၀ လောက်ကို အဖွဲ့ချုပ်
သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ ဗဟန်းမြို့နယ် အဖွဲ့ချုပ် တာဝန်ခံ ဖျာပုံနီ
လုံဦးတို့က အသီးသီးအမှာစကား ဆိုခဲ့ကြပါတယ်။
.


....♥♥♥♥♥♥ ....