Wednesday, August 15, 2012

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို
အခြေခံပြီး   ဖြစ်ပွားခဲ့ တဲ့ ပြည် တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ
စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး
လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ
မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့
သမ္မတ ဦးသိန်းစိန်က ဆိုပါ တယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း
မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ
သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။







မေး။    ။ အခုရက်ပိုင်းတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ
မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက ရခိုင်ပြည်
ရိုဟင်ဂျာ ကိစ္စ ပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့် အရေး ကော်မရှင်
အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းဝေးတွေ လုပ်မယ်။ နိုင်ငံတကာ
အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးတွေ လုပ်တော့မယ် ဆိုတဲ့ နေရာ မှာ
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့
မူဆလင်တွေ အကြောင်း ပါရှိလာပါလိမ့်မယ်။ သူတို့ကို ဗမာနိုင်ငံက အများစုက
လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ စွပ်စွဲမူတွေရှိနေပါတယ်။
အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့
ဆော်ရေအာရေဗီးယားနိုင်ငံကနေ ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ
တူရကီနိုင်ငံခြားရေး ၀န်ကြီးက အကူအညီတွေ ပေးသွားတာတွေ ရှိနေတော့
မြန်မာနိုင်ငံမှာ သမ္မတ ကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့
အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီး
ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မူ တွေရှိနေတယ် ဆိုပြီး
ပြောဆိုမှုတွေ ကြားနေရပါတယ်။ အဲ့ဒီ့ကိစ္စ နဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့
အမြင်ကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။



ဖြေ။     ။ ဒီဟာလေးလဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီဟာတော့ ကျွန်တော်တို့
ဒီမိုကရေစီ လမ်းကြောင်းကို ချီတက် နေတဲ့နေရာမှာ မမျှော်လင့်ပဲ
တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။  ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း
တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့ ခုနကလို ဒီ ရက်စက်ကြမ်းတမ်းတဲ့
ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက် မခံမရပ်နိုင် ဖြစ်ပြီးတော့
ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့   ဖြစ်ကြပြုကြရင်း နဲ့ နောက်  ဆုံးတော့
အုပ်စုချင်းက ကြီးထွားလာတာ။ ကြီးထွားလာ ပြီးတော့ အချင်းချင်း သတ်တဲ့
ဖျက်တဲ့ အဆင့် ရောက်  လာတယ်။ နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့တစ်ဘက်
မီးရှို့တယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ  ဆိုရင်
ကိုယ်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေ မယ့် ဒီမီးကနေ ကူးစက်ပြီးတော့
လောင်တာတွေရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ရာဇာဝတ်မူ တစ် ခုပေါ်မှာ
အကြောင်းပြုပြီးတော့ မခံမရပ်နိုင်ဖြစ်တဲ့ အတွက် လူအုပ်စုအထိ
ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက
နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး
ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လဲ မတွေ့ခဲ့ရပါဘူး။ ကျွန်တော်
ပြောချင် တာက ဒီလိုဖြစ်ပျက် မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။
လူ မျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့
ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင် တွေဖြစ်ပြီးတော့
တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။
အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့လည်း
တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် အင်မတန် အင်မတန်မှ နည်းပါ တယ်။
သေဆုံး တာ ဆိုရင် လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာ
ဆိုရင်လည်း တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အိမ်တွေကို တစ်ဘက်နဲ့
တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက်
မီးလောင်သွားတာပါ။ ငါးထောင်နီးပါး လောက် မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာ
နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ
ဆိုကြပါစို့၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြတာပေါ့ ။ အိုးမဲ့အိမ်မဲ့ တွေက
ဘယ်လောက် လောက်ရှိလဲဆိုတော ဒီကနေ့  ခြောက်သောင်း လောက်ရှိ တယ်။ ခြောက်သောင်း
လောက် ရှိတဲ့ အတွက် ကျွန်တော်တို့က အခု နှစ်ဖက်ပေါ့ တစ်ဖက်က လည်း
ဆိုကြပါစို့ ၊ ရခိုင်တိုင်းရင်းသား ဒုက္ခ သည် တစ်ဖက်ကလည်း ဘင်္ဂါလီ ဒုက္ခ သည်
အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ ဒီကနေ့ သူတို့ကို ကူညီတဲ့
လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည် ထူထောင်တဲ့ လုပ်ငန်းတွေ
လုပ်နေရပါတယ်။ ဒီလုပ်ငန်းတွေ ကို  ကျွန်တော်တို့ က ဒီမြန်မာနိုင်ငံမှာ
ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ NGO တွေ INGO
တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်းပြီး ပွင့်လင်းမြင်သာမူ ရှိအောင်
လုပ်နေပါတယ်။ ပထမအဆင့် ကတော့ စားဖို့အတွက်ပေါ့။ စားဖို့အတွက်ကလည်း
လူခြောက်သောင်း   လောက်  ကို ကျွေးရပြုရတဲ့ အလုပ်က တကယ်တော့လည်း
ကျွန်တော်တို့နဲ့ ချည်းပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်း
လုပ်နေတဲ့ UN အဖွဲ့စည်းတွေ အမ်ဂျီအို တွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာ
ယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော် တို့ကျေးဇူး တင်ရမှာဖြစ်ပါတယ်။ တစ်
အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက်လုပ်ပေးနေရပါတယ်။ နှစ်
အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ
ဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN
အဖွဲ့အစည်းတွေက ကူညီတာတို့ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ
မိုးသိပ်များတဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့်
လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့်
အခုဆိုရင် သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေး ဘာပေးနဲ့
နှစ်ဖက်စလုံးကို ဆောက်ပေးနေပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ခုနကလို မသင့်တင့်လို့
အုပ်စုချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေပြီးတော့ ဒီလို ကျွန်တော်တို့ အိမ်တွေ
မီးလောင်မှုတွေ ဒုက္ခ သည်အဖြစ်တွေ ရောက်လာတာပါ။ လူမျိုးရေးအရ ကျွန်တော်တို့
ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း
သတ်ဖြတ်တာတို့ ဒါတွေဟာ ကျွန်တော်တို့ကြားရတော့ တော်တော်လေး
စိတ်မကောင်းဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ
တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာ
ဖြစ်ပျက်တာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့
လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ အဲတော့
တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့စည်း တွေနဲ့ ပွင့်လင်းမြင်သာမူ
ရှိအောင် ပူးပေါင်းပြီးတော့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို
လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူဆလင် နိုင်ငံက အကြီးအကဲတွေပေါ့
ဟိုတစ်လောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး လာပါတယ်။
နောက်တစ်ခါ ၀န်ကြီးချုပ်ရဲ့အမျိုးသမီးလဲ ပါလာတယ်။ အင်အားကလည်း
လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့တယ်
ကျွန်တော်ကလည်း ဒီကိစတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground
ကိုလဲပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင် သွားပြီးတော့
ကူညီကယ်ဆယ်တဲ့ ပစ်္စည်းတွေ ဘာတွေ  ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။
တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခ သည်တွေကို သွားပြီး တွေ့သလို တစ်ဖက်လည်း
ရခိုင်  ဒုက္ခ သည်တွေကို တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူဆလင် ဘာသာကိုးကွယ်တဲ့
သူတွေ၊ ဒီဘက်က ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ သူတွေ သွားတဲ့လူကိုယ်တိုင်က
မူစလင်ဘာသာဝင်ဖြစ်ပေမယ့် လဲ ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေနဲ့ လေးလေး စားစား
တွေ့     တာပြုတာ တို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ ရှိပါတယ်။
နောက်တစ် ခုက ကျွန်တော်   တို့ ဒီ  ရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှား ကနေပြီးတော့
ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း  ဥက္ကဌ   မစ္စတာ ကာလာဆိုတာ ဟိုတုန်းက ဒု
သမ္မတ ပါပဲ။ ဟိုတုန်းတည်းက ကျွန်တော် အင်ဒိုနီးရှား သွားလည်ပတ် ရင်းနဲ့ Call
တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့
အတွက်ကြောင့် ကျွန်တော် ၀မ်းသာ သွားတယ်။ ဒါကြောင့် မလို့ သူ့လဲရှင်းပြတယ်။
သူသွားချင်တယ် ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း
အကူအညီတွေဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အ    တွက် လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို
တစ်ဖက်က လုပ်ကြံစွပ်စွဲနေ တာတွေ မဟုတ်  ဘူး ဆိုတာကို သက်သေ သာဓကနဲ့
တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင် လုပ်နေ တာတွေရှိပါတယ်။



မေး။    ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်
ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမူတွေ လုပ်ပေးဖို့ ဆိုတာရော
ဖြစ်လာနိုင်မလားခင်ဗျာ။



ဖြေ။     ။ တစ်ခုကတော့ ဒီ ကိစ္စ တွေနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့
ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမှာ Press Conference တစ်ခုလဲ
လုပ်လိုက်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ
ကျွန်တော်တို့ အကုန်ဖိတ်ပါတယ်။ ကုလသမ္မဂ အေဂျင်စီတွေ NGO တွေ ပြီးရင် အဲဒီမှာ
တိုက်ဆိုင်မူ လို့ပြောရပါ့မယ့်။ မြန်မာနိုင်ငံရဲ့လူအခွင့်ရေး ကိစ္စ လုပ်နေတဲ့
မ စ်္စ တာ ကင်းတာနား ကလည်း ရောက်နေ တယ်။ ရောက်နေတော့ သူ့လည်း ကျွန်တော်တို့
ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင်တက်တယ်။ နောက်နေ့မှာ On Ground ကိုပြတယ်။  ဒီ
ကိစ္စက ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာဖြစ်ပျက်တဲ့ ကိစ္စ လေးတစ်ခုပဲဖြစ်တယ်။
တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲမရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ
ရန်ကုန်မှာလဲ မူစလင်တွေ အများကြီးနေတယ်။ ရှိတယ်။  ဗုဒ္ဓ ဘာသာဝင်တွေရှိတယ်။
ခရစ်ယာန်တွေရှိတယ်။ ဟိန်္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ
ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာမရှိပဲနဲ့ ရခိုင်ပြည်နယ်က
ဒီကွက် ကွက်လေး တစ်ခုမှာပဲဖြစ်တာပါ။ ဒါ ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စ
သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ နိုင်နိုင်နင်းနင်းနဲ့
လုံခြုံရေးအရလဲ ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့
ပတ်သတ်လို့ ဒါလဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလဲ
လွတ်လပ်တဲ့ လူအခွင့်ရေး ကော် မရှင် ဖွဲ့ထားတာရှိပါတယ်။ လူအခွင့်အရေး
ကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေး ပါလို့ ဆိုပြီးတော့ ကျွန်တော်တို့
လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့ အတွက်ကြောင့် ပြည်ပကနေပြီးတော့ အင်တာနေရှင်နယ်
အစ်ရှုး (Issue) တစ်ခုလို စစ်မယ်ပြုမယ်ဆိုရင်တော့ ဒါတွေကို ဒီမှာလာပြီး
မလုပ်သင့်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေး ကိစ္စ
လည်းဖြစ်တယ်။ လုပ်သင့် လုပ်ထိုက် တာတွေလဲ ကျွန်တော်တို့ လုပ်နေတာ
ဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့ မှ ဒီလို
စစ်မယ်ပြုမယ် ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စ လို့ ကျွန်တော်ထင်ပါတယ်။



မေး။    ။သမ္မတ ကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေး ကိစ္စ မဟုတ်ဘူး။
အဓိကရုဏ်း မဟုတ်ဘူး ဆိုပေမယ့်  ဒေသတွင်းမှာနေနေတဲ့
အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့
မုန်းတီးမူဆို တာက ကျွန်တော်တို့လဲ ငြင်း လို့မရတဲ့ ကိစ္စ ပါ။ အဲလို
မုန်းတီးမှုဆိုတဲ့ ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမ လာအောင်
အတူယှဉ်တွဲပြီးနေနိုင်အောင် သမ္မတ ကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး
ဘယ်လိုဖြေရှင်း မူတွေ လုပ်သွားဖို့ ရှိပါသလဲ။



ဖြေ။    ။ မှန်ပါတယ်။ ကိစ္စ က ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။
အခုချိန်မှာ တန်းရှင်း Tension က အတော်လေးမြင့်နေတဲ့အချိန်မှာ Cool
Downဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်း သားပါတီ တွေရှိ ပါတယ်။
အဲဒီတော့
ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့
တွေ့ပါ တယ်။ တွေ့ပြီးတော့ ဒီကေ န့ ခုနကလို  ကြီးကလည်း ကျဉ်းမြောင်းသွားပြီ
ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော် တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး
ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က
လူသားဆိုတဲ့အမြင်နဲ့မြင်ရမယ်။ဒီကနေ့မှာလဲလူအခွင့်ရေးဆိုတဲ့ကိစ္စကိုရှေ့တန်းတင်ပြီးတော့
ပြောကြား       လာ  တယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။
လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိ ခိုက်အောင်
လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း
တစ်ဆယ့်ငါး ခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့
ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကို ၀င်ပြီး သဘောထားတွေ စိတ်ထားတွေ
ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါ ဆိုပြီး တော့ အချိန်ယူ
ပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ငြင်းလို့မရအောင် ဥပဒေနဲ့
ကိုင်တွယ် ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ်
ဥပဒေဆိုတာရှိပါတယ်။
၁၉၈၂ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့
အကာအကွယ်ပေး ထားတာ တွေ ရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင်
၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့
ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင် တင်ပြီးတော့
နေနေကြ တာပေါ့။ ၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့
မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ
နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲ မှာ
ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့
အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့်
တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင်
လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင်
ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။ အခုက
ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့
ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိ ထိရောက်ရောက် မရှိဘူး။
များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲ ရှိတယ်။
အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင်
ပညာရေး စနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင်
အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ
တိုးလာတဲ့ လူတွေထက် လက်ရှိလူ က ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။
ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့် လိုက်တဲ့အခါ မှာ
နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့
သူတွေကေ ပါက်ဖွား မူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊
ရှစ်ဆယ်လောက်ရှိပါတယ်။



မေး။    ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို
ထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက
ကျွန်တော်ပြောခဲ့သ လို ဆော်ဒီအာရေ ဗီး ယားနိုင်ငံ    က နေပြီးတော့
ဒေါ်လာသန်းငါးဆယ်
လှုမယ်ဆိုတဲ့ ကိစ္စ မျိုး၊ နိုင်ငံတော်အစိုးရ   ဆီက နေပြီးတော့ တဆင့်
အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့
ဖြစ်လာ ရင်တော့ကောင်း  တာပေါ့ ဒါ သမ္မတ ကြီးတို့လည်း
ကျေနပ်စရာဖြစ်ပါလိမ့်မယ်။
အဲဒီလိုမဟုတ်ပဲနဲ့
ဒီနိုင်ငံတကာမှာလူ့အခွင့်အရေးအတွက်ဆိုပြီးတော့ဒီလူတွေအတွက်အပြင်ဘက်မှာရှိနေ
တဲ့ ဆော်ေ သြာ်ပေးေ န တဲ့ အဖွဲ့အစည်းတွေကို
တဆင့် ထောက်ပံ့ ပေးလိုက်တဲ့ အနေအထားမျိုး  ကိုရောက်   သွားမှာေ     ရာ
သမ္မ တကြီး   တို့အနေနဲ့ မစိုးရိမ်ဘူးလား။



ဖြေ။     ။ စိုးရိမ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကလည်း
သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့
ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ကူညီပါ လက်တွေ့ခုနကလို
ဒုက်္ခခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ကူညီပေးဖို့လိုပါတယ်။
ကျွန်တော်တို့ လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့
ဒီလူတွေလက်ထဲ ကိုရောက် သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း
ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်းတွေ့တိုင်း ဒီ ကိစ္စ
နဲ့ပတ် သက်ပြီးတော့ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း
ကျွန်တော် တို့စိုးရိမ် ပါတယ်။



မေး။    ။ ဒေသတွင်းကအခြေနေနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့
ပြည်ပမီဒီယာတွေ ရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ
ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသားရေး စိတ်ဓာတ် အမျိုးသားရေး
အခြေခံတွေကို အကြောင်းပြုပြီးတော်တော်လေး   ပြင်းပြင်း ထန်ထန်
ဖော်ပြတာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ
လူ့အခွင့်အရေးကို အခြေခံပြီး ဖော်ပြ   တယ်ဆိုတော့ နောက်ဆုံးမှာ
ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်က ကျူးကျော် လာတဲ့  သူတွေကို
မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီး သမ္မတ ကြီးအနေ နဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို
တစ်စုံတရာများ စိတ်အနှောက်ယှက် ဖြစ်ခဲ့တာတွေ ရှိခဲ့လား  ခင်ဗျ။



ဖြေ။     ။     ကျတော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက
ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ
ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့
သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေရှိသလို တစ်ဖက်က ခုနလို မွတ်စလင်ဘာသာ
ကိုးကွယ်တဲ့ သူတွေကို  နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေအင်တာနက်သတင်းတွေ
ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ ဒီအတွက်
ကျတော်တို့မှာတော်လေးစိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့
ကျွန်တော်တို့သံရုံးတွေထဲက  အီဂျစ်မှာ ရှိနေတဲ့သံရုံးဆိုရင်
ဆန်္ဒလာပြတာတွေရှိခဲ့ပါတယ်။ သာမာန် ဆန္ဒ ပြတာတော့ လူ့အခွင့်ရေးပါပဲ
ပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ
ဘာတွေဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါအဲမှာရှိတဲ့
မိသားစုတွေသံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ နောက်တစ်ခါ
အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့စိုးရိမ်ရပါတယ်။ ဒီကိစ်္စတွေကို
မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး
ကျွန်တော်အနေနဲ့သက်ဆိုင်ရာနိုင်ငံအကြီးကဲတွေဆီ ကိုယ်တိုင် စာရေးပါတယ်။ ကုလ
သမဂ္ဂ  မစ္စတာ ဘန်ကီမွန်းထံကိုလဲ ကျွန်တော်စာရေး ပါတယ်။ ဖြစ်စဉ် အမှန်က ဒီလို
ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး တပြည်လုံးမှာဖြစ်နေတဲ့
ကိစ္စ မဟုတ်ပါဘူး။ နေရာလေးတနေရာမှာ ကွက်ပြီးဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲဒီတော့
အင်ဒိုနီးရှားက သမ္မတ ကလဲ ကျတော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့
ကျွန်တော်စာရေးပါတယ်။ မလေးရှားက၀န်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ
ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာသိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့
ဒီပြသနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့
လူမျိုးရေးစိတ် ဓာတ်နဲ့ ပြည်တွင်း မီဒီယာတွေက ရေးပါတယ် သို့သော်လဲ
နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း
စာနာမှု အမြင်နဲ့ မြင်ရမယ်။လူ့အခွင့်ရေးကို ကျွန်တော်တို့
ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိ လာပါတယ်။ ဒါတွေကို သူတို့သိလာတဲ့
ဒီလိုအမြင်ပြောင်းတဲ့ တချိန်ထဲမှာ ပဲ ပြည်ပကအမြင်တွေကတော့ ကျွန်တော်တို့နဲ့
ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ် လာတဲ့အတွက် ကိုယ့်နိုင်ငံ
အတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက်
နောက်ဒါမျိုးတွေမဖြစ်ရအောင် ခုနကလို ကျွန်တော်တို့ဖိတ်ခေါ်တယ်။ ပြတယ်။
အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော်ဖိတ်ထားပါတယ်။ လာပါ
ခင်ဗျားတို့ လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက်
ပြပါမယ်။ နောက်ဒါမျိုးတွေဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ
ကျွန်တော်တို့စိတ်ထဲမှာရှိပါတယ်။ 
ref:VOA
.


....♥♥♥♥♥♥ ....