(၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှုး၍
NAGANO KOEN(တိုကျို)တွင် ယနေ့ ၂၇-၁၀-၂၀၁၃ နေ့တွင် ကျင်းပခဲ့ပါသည်။ နံနက် ၁၁နာရီတွင် ပွဲတော်ကိုစတင်ဖွင့်လှစ်၍ အစီအစဉ်အရ သံဃာတော်အရှင်သူမြတ်များ ဆွမ်းလောင်းပွဲကျင်းပ တရားနာပြီးနောက် ခေတ်ပေါ်တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊မြန်မာ့အရေးစိတ်ပါဝင်စားသော ဂျပန်လူမျိုးများမှ မြန်မာသီချင်းများဖြင့်သီဆို ဖျော်ဖြေတင်ဆက်ခြင်း၊ မင်္ဂလာဒိုးအဖွဲ့မှ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ယနေ့သီတင်းကျွတ်ပွဲတော်သို့ မြန်မာ၊ ဂျပန်ပရိတ်သတ်များ မြန်မာ့ရိုးရာစားစရာများ စုံစုံလင်လင်စားသောက်ရင်း ပျော်ပျော်ရွှင်ရွှင်ဆင်နွဲခဲ့ကြပါတယ်။
သတင်းနှင့် ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းနှင့် ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
အထူးကျေးဇူးတင်ရှိခြင်း
မှတ်တမ်းတင်အပ်ပါသည်။။










