Monday, May 27, 2013

NLD ပါတီဝင် စာရင်းပြုစုထိန်းသိမ်းရေးအဖွဲ့(ဗဟို) မှ လာရောက် သင်တန်းပေး

 ၂၀၁၃-၅-၂၆                                                                                                                     မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရုံးတွင် ယနေ့ နေ့လည် 12း00 နာရီ တွင် မြို့နယ်များ     အား ပါတီဝင်ကဒ်( စမက်ကဒ်) များ အမြန်ရရှိရေးအတွက် ပါတီဝင်စာရင်းပြုစုရာတွင် မြို့နယ်၊ တိုင်း/ပြည်နယ်အလိုက် ပါတီဝင်စာရင်းများ ၀ိုင်းဝန်းပြုစုပေးနိုင်ရေးအတွက် ပါတီဝင်ပြုစုထိန်းသိမ်းရေးရေး    အဖွဲ့ (ဗဟို) မှ အသုံးပြုနေသော Software နှင့် ကိုက်ညီသော Exel ဖြင့် ပါတီဝင်ပြုစုနည်းကို လာရောက်ပြသ သင်ကြားပေးခဲ့ပါသည်။

စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအား NLD ပညာရေးကွန်ရက်မှရရှိ

ယနေ့(26.5.2013)ရက်နေ့တွင်ကိုရီးယားနိုင်ငံ ၊ ပူချွန်းမြို့တွင်ကျင်းပသော စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအား NLDပညာရေးကွန်ရက်မှရရှိသွားပါသည်။

အမေရိကန်သမ္မတဟောင်း ကလင်တန်၏ သမီး ချယ်ဆီးကလင်တန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ ဆုံ

 ၂၀၁၃-၅-၂၆
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဒီကနေ့ မနက် ၁၀နာရီ တွင် အမေရိကန်သမ္မတ 
ဟောင်း ဘီလ် ကလင်တန် နှင့် နိုင်ငံခြားရေးဝန်ကြီင်္းဟောင်း ဟီလာရီ တို့၏ သမီး ချယ်ဆီးကလင်တန်
 က လာရောက်တွေ့ဆုံ... (ဓါတ်ပုံ - ကျော်စိုးနိုင် BG )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ အစည်းအဝေး

၂၀၁၃-၅-၂၆ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ အစည်းအဝေး အား ၂၀၁၃ ခုနစ် မေလ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခမ်းမတွင် နံနက်(၉)နာရီမှ စတင်၍ ကျင်းပသွား မည်ဖြစ်ပါသည်။
၎င်းအစည်းအဝေးကျင်းပမှုအား သတင်းမှတ်တမ်းယူလိုသော သတင်းမီဒီယာဌာနများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန်မလိုအပ်ပဲ မိမိတို့သက်ဆိုင်ရာမီဒီယာဌာန၏ မီဒီယာကတ်ပြားပြသ၍ ၀င်ရောက်မှတ်တမ်းယူခွင့်ပြုမည်ဖြစ်ပါသည်။

ဗဟိုပြန်ကြားရေးကော်မတီ

သမ္မတ ဦးသိန်စိန် အမေရိကန် သမ္မတ အိုဘာမားအစိုးရကိုပေးခဲ့သောဂတိများ တာဝန်ယူမှုရှိရမည်

၂၀၁၃-၅-၂၆                                                                                                                        မိမိတို့တွင် ဒီမိုကရေစီ အတွေ့အကြုံ နည်းပါးနေသေးပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အောင်မြင်မှုများ ရရှိခဲ့သကဲ့သို့ အခက်အခဲများ၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ကြုံတွေ့နေရ ပါကြောင်း၊ မစ္စတာ အိုဘာမားက အမြော်အမြင် ကြီးမားစွာ ဆွေးနွေးခဲ့သဖြင့် မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိသည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆက်လက်ရှင်သန် ဖွံ့ဖြိုး လာစေရန်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မစ္စတာ အိုဘားမား ပြောကြားသကဲ့သို့ ရှေ့သို့ ဆက်လက် ချီတက်သွားမည် ဖြစ်ပါကြောင်း။ (နိုင်ငံတော်သမ္မတနှင့် အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘာရက် အိုဘားမားနှင့်   တွေ့ဆုံဆွေးနွေးပွဲမှ) San O

Saturday, May 25, 2013

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးနှင့်ဇနီး မြန်မာနိုင်ငံရောက်ရှိ



 ၂၀၁၃-၅-၂၅
ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးနှင့်ဇနီးတို့သည် ၃ ရက်ကြာအလည်အပတ် ခရီးအဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ ၂၄ ညနေပိုင်းက ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီး
နှင့် ရန်ကုန်မြို့တော်ဝန်၊ သံတမန်များ၊ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန် အပါအ၀င် လွှတ်တော်တွင်း ဌာနဆိုင်ရာ ၀န်ကြီးများနှင့်လည်းတွေ့ ဆုံမည်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ ဆုံရန်ရှိသည်။

 ဂျပန်နိုင်ငံတွင် ကြွေးတင်လျှက်ရှိသော ယန်း သန်းပေါင်း ၂၀၀၀ ကိစ္စကို  လျှော့ပေးရန်နှင့် ယန်း
သန်းပေါင်း ၁၀၀၀ ကို ODA ပေးရန် ကိစ္စအပါအ၀င်ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်စီးပွားရေး လုပ်ငန်း   ရှင် အများအပြားလည်း လိုက်ပါလာသည်။   သီလ၀ါ အထူးစီးပွားရေးဇုန်သို့  သွားရောက်   လေ့လာမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ရေးထိုးရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ၀န်ကြီးချုပ်အဆင့်ဖြင့် ပထမဆုံးအကြိမ်ဖြစ်ပြီးရန်ကုန်မြို့ ချတ်ထြီယန်ဟိုတယ်တွင် တည်းခိုလျှက်ရှိသည်ဟု သိရသည်။

....♥♥♥♥♥♥ ....