main |
sidebar
|
|
|
ထင်လင်းအောင် | တနင်္လာနေ့၊ မေလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၅၈ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ နှစ်ပေါင်း ငါးဆယ်အတွင်း မြန်မာနိုင်ငံမှ ဆန် မထရစ်တန်ချိန် ၅၀၀၀ကို ၀ယ်ယူမည်
ဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် တင်ဒါစနစ်ဖြင့်သာ ဆက်လက်ဝယ်ယူမည်
ဖြစ်သောကြောင့် လာမည့်နှစ်များ အတွက် ဈေးကွက် အလားအလာကို ကြိုတင်
ပြောကြားရန် ခက်ခဲသေးကြောင်း မေလ ၄ ရက်က ဆန်ဝယ်ယူရေး သဘောတူ
လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊
သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Takeharu IMASHIRO ကပြောကြား ခဲ့သည်။
Mr Takeharu Imashiro က “အခု ၀ယ်ယူတဲ့ ဆန်တန်ချိန် ၅၀၀၀ က တင်ဒါစနစ်နဲ့ ၀ယ်ယူခဲ့တာ
ဖြစ်တဲ့အတွက် နောက်ပိုင်း ဈေးကွက် အလားအလာကတော့ ကြိုပြောရမှာခက်ပါတယ်”ဟု
ဈေးကွက် အလားအလာနှင့် စပ်လျဉ်းကာ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးတင်ပို့ ရောင်းချရာတွင် အဓိကအနေဖြင့်
အာဖရိကသို့ ပွဲစားမှ တဆင့် တင်ပို့သည့် အလှူရှင် ဈေးကွက်ကိုသာ
မှီခိုလာခဲ့ရရာမှ တင်ဒါဝင်ရောက် ပြိုင်ခြင်းဖြင့် ဂျပန်ဈေးကွက်သို့
တကျော့ပြန် ပထမဆုံးအကြိမ် အဖြစ် တန်းမြင့်ဆန်အား MAPCO
(မြန်မာနိုင်ငံဆန်စပါး အများပိုင် ကုမ္ပဏီ လီမိတက်) အစီအစဉ်ဖြင့်
မစ်ဆူရီကုမ္ပဏီသို့ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် အစားအစာ အရည်အသွေး ထိန်းချူပ်မှု ဆိုင်ရာမူဝါဒများအရ
ရုပ်ပိုင်း၊ဓါတ်ပိုင်း၊ ဗီဇပိုင်း ဆိုရင်ရာ အရည်အသွေးများအား စစ်ဆေးမှု
အမျိုးအစား ၁၆၇မျိုးဖြင့် ဓါတ်ခွဲ စစ်ဆေး၍ တင်ဒါ ခေါ်ယူခြင်း
ဖြစ်ကာ အဆိုပါ အရည်အသွေး စစ်ဆေးမှုများ အောင်မြင်မှသာ တင်သွင်းခွင့် ရခြင်းဖြစ်ကြောင်း MAPCO ဥက္ကဌ ဦးရဲမင်းအောင်ကပြောကြားသည်။
၎င်းက“ဂျပန်ကို ဆန်တင်ပို့တဲ့အပိုင်းမှာက လက်ရှိတန်ချိန်၅၀၀၀ ကိုတောင်မှ
ခက်ခက်ခဲခဲ လုပ်ရတဲ့အပိုင်းမှာ ရှိတယ်။ဂျပန်ရဲ့Food Security
(အစားအစာအရည်အသွေးထိန်းချုပ်မှု)ကတင်းကြပ်တော့ အရည်အသွေးပိုင်း စစ်ဆေးမှု တွေအဆင့်ဆင့်လုပ်တယ်။ နှစ်တိုင်း တင်ပို့နိုင်ဖို့တော့ ကြိုးစားနေပါတယ်။” ဟုပြောသည်။
လက်ရှိအနေအထားတွင် ဂျပန်ဈေးကွက်သို့တင်ပို့နိုင်မည့် တန်းမြင့်ဆန်များ ထုတ်လုပ်တင်ပို့င်ရန်မှာ
ပြည်တွင်းရှိ စိုက်ပျိုးသည့် စပါးအမျိုးအစား များ ၊ ရိတ်သိမ်းချွေလှေ့သည့်စနစ်များ၊
ကြိတ်ခွဲသည့် စနစ်များ၊ သိုလှောင် တင်ပို့သည့် စနစ်ပိုင်းများတွင်
အဆင့်မြင့်တင်ရန် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဦးရဲမင်းအောင်က ဆက်လက
်ပြောကြားသည်။
မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် အာဖရိက
ဈေးကွက်ကိုသာ အားထားခဲ့ရရာမှ ၂၀၁၂-၂၀၃ဘဏ္ဍာနှစ် တွင် မူဆယ်နယ်စပ် မှတစ်ဆင့်
တရုတ်နိုင်ငံသို့ တင်ပို့သည့် ဈေးကွက် ပွင့်လန်းလာခဲ့ခြင်းကြောင့် ၄၆
နှစ် အတွင်း ပြည်ပသို့ တင်ပို့နိုင်မှု စံချိန်တင်အဖြစ် ဆန်မက်ထရစ်တန်ချိန်
တစ်သန်းခွဲအထိ တင်ပို့နိုင်ခဲ့သည်။
လက်ရှိဈေးကွက် အနေအထားအရ
အင်ဒိုနီးရှားမှလည်း ဆန်တန်ချိန် သုံးသိန်း ၀ယ်ယူရန် ကမ်းလှမ်းထားကာ လက်ရှိ
ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင့်
သက်ဆိုင်ရာမှ သတင်းထုတ်ပြန် ထားသည်။
Credit & Copy From >Mizzima - News in Burmese
.
....♥♥♥♥♥♥ ....