Monday, April 29, 2013

အမျိုးသားပြန်လည်သင့်မြတ်ရေးတောင်းဆိုသည့် ဆန္ဒပြပွဲ ဖိတ်ကြားလွှာ

ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစုများနှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များခင်ဗျား
တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၌
မဖြစ်မနေလုပ်ဆောင်ရမည့် အဓိကလိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်များအား အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်ပေးရန်အတွက်
တောင်းဆိုဆန္ဒပြပွဲအား အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသောကြောင့်
ပူးပေါင်းပါဝင်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက် ။ ။ ၃ဝ - ၄ - ၂ဝ၁၃(အင်္ဂါနေ့)
ကျင်းပမည့်နေရာ ။ ။ ရှီနာဂါဝါရှိမြန်မာသံရုံးရှေ့
ကျင်းပမည့်အချိန် ။ ။ ညနေ ၃ နာရီ မှ ညနေ ၄ နာရီအထိ

သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ.

....♥♥♥♥♥♥ ....