Pyae Phyoe Aung
ယခု လတ်တလောကာလတွင် ဖေဘုတ် စာမျက်နှာများထက် NLD ပါတီကို ထိခိုက်သော အပုတ်ချ သော စာဖတ်သူ အချို့ ၏ အထင်အမြင်ကိုတိမ်းစောင်းစေရန် နှပ်ကြောင်းပေး တဖက်သတ် အခြေအမြစ်မဲ့တိုက်ခိုက်သည့် သတင်းများ ပို့ စ်သည် NLD ညီလာခံကျင်းပခြင်းနှင့်အတူ ထူးဆန်းတိုက်ဆိုင်စွာ အလျိုလျိုနှင့်ပေါ်ထွက်နေသည် ကိုတွေ့ရှိရပါသည်။ ဖေ့ဘုတ်သုံးဆွဲသူများအားလုံးအနေ ဖြင့် စဉ်းစား ခြင့်ချိန် ဥာဏ် ဖြင့် အကျိုးအကြောင်း အဆိုးအကောင်းကို ဝေဖန် သုံးသပ်ကာ ဘုရားဟော ကာလာမ သုတ္တန် ပါဠိ ထုတ်ပြန်ကာရှိသည်နှင့်အညီ ယုံကြည် ကြမည် ဟု ကျနော်ယုံကြည်မိပါသည်။ NLD ပါတီသည် လက်ရှိနိုင်ငံရေးဇာတ်ခုံတွင် လူထုအားပေးမှုကို တခဲနက် မဟုတ် လျင်တောင် အတော်များများ၏ အသည်းမဟီဝယ် အမြစ်တွယ်စိုးမိုးထားသော မြန်မာ့ဒီမို ကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သောပါတီတစ်ခုဖြစ်ပါသည်။ ပါတီ ညီလာခံအဆင့်ဆင့်သည်လည်း မကျေနပ်မှု အတန်အသင့် ရှိခဲ့သော်လည်း မထမဦးဆုံး ညီလာခံများဖြစ်သည်နှင့် အညီ ဒီမိုကရေစီအလေ့အထ ထိတွေ့  မှု နည်းခဲ့ခြင်း ကြောင့် မပြောပလောက်သော ပဋိပက္ခ အချို့ သည်လည်း ရှိခဲ့ရိုးအမှန် ဖြစ်ပါသည် ။ သို့ သော် တစ်အိပ်ကို တစ်ဆိတ် လုပ် ဂျပိုးကိုလိပ် ဖြစ်အောင်ပြောကာ သပ်လျှိုသွေးခွဲလိုသူများကတော့ အမျိုးမျိုး lobbyလုပ်ခဲ့ကြပါသည် ဘေးတီးကြပါသည် သွေးခွဲနေဆဲဖြစ်ပါသည်ခလောက်ဥာဏ်နှင့် အကောက်ကြံကာမြောက်ထိုးပင့်ကော် လုပ်ကြဦးမည်လည့်းဖြစ်သည်။ NLD ပြိုကွဲခြင်းသည် NLD ပါတီဝင်များ ပြည်သူများ ဒီမိုကရေစီအဖွဲ့တော်သားများမည်သူ့ တစ်ဦးအတွက်မှ အကျိုးရှိမည်မဟုတ်ပါ။ သို့ သော် မည်ကဲ့သို့ သောအဖွဲ့အစည်း လူပုဂ္ဂိုလ်များအတွက် ဝမ်းမြောက်ဖွယ် ဖြစ်နေ သည်ကိုလည်း ဖေ့ဘုတ် ယူဇာအားလုံး သတိ ချပ်မိပြီးသားဖြစ်ပါလိမ့်မည်။ NLD ပါတီ၏ Bottom to Top ဖွဲ့စည်းပုံ ညီလာခံများသည် အားနည်းချက်အနည်းငယ်ရှိခဲ့သော် လည်း ထိုက်သင့်သော တရားမျှတမှုများ လွတ်လပ်မှုများ ပွင့်လင်းမြင်သာမှုများ ရှိခဲ့ပြီးဖြစ်ပါသည် ။ အချို့သော ပါတီကြီးများ၏ တိုက်ရိုက် ငြိမ်ဝတ်ပိပြားဗဟို ညီလာခံနှင့်မတူ ဒီမိုကရေစီနည်းကျ ညီလာခံကြီးကို NLD အနေဖြင့် မကြာခင် အောင်မြင်စွာ ကျင်းပနိုင်ပြီး ပြည်သူများအကျိုးကို လုပ်ဆောင်နိုင်မည့် ပေါ်လစီများ ခေါင်းဆောင်များပေါ်ထွက်လာတော့မည်ဖြစ်ရာ တစ်ချို့သောလူတစ်စု အသင်းအဖွဲ့အတွက် မရှုဆိတ်နိုင်အောင် ဖြစ်နေရသည်။ သို့ ဖြစ်သောကြောင့် အဆိုပါ လူပုဂ္ဂိုလ်များသည် ဗုဒ္ဓမြတ်စွာ သဗ္ဗေညုတ ရွှေဥာဏ်မရခင် မာန်နတ် မင်းအစွမ်းကုန် ကြံစည်သကဲ့သို့  ဆင်ကြံကြံ ကာ မြေပေါ်နည်း မြေအောက်နည်း မျိုးစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်ကို NLD ပါတီဝင်များ ပြည်သူများ သတိချပ်ပါကြကုန်။
ခွေးတစ်ကောင်ကိုတုတ်နှင့်ပစ်လျင်အဆိုပါခွေးသည် တုတ်ကိုသာလျင်ကိုက်ခဲလေသည်
ခြင်္သေတစ်ကောင်ကို တုတ်နှင့်ပစ်လျင် အဆိုပါခြင်္သေသည်ကား တုတ်ပစ်သူ ကိုရှာဖွေကာ ကိုက်ခဲကုန်၏။