ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဧပြီလ လတွင် ရောက်ရှိလာမည့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာမိသားစုများ တွေ့ဆုံနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ အပါအ၀င် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသည့် အဖွဲ့အသီးသီးနှင့် ဂျပန်ရောက် မြန်မာမိသားစုများစုပေါင်း၍ ဖွဲ့စည်းခဲ့ပါသည်။ ဖြစ်မြောက်ရေးကော်မတီ၏ သတ္ထမအကြိမ်မြောက် ညှိနိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉း၃၀ နာရီမှ ၁၂ နာရီအထိ Kenkoo Plaza ( Ikebukuro ) 7 F, တွင် ကျင်းပခဲ့ကြပြီး အဆိုပါ တွေ့ဆုံပွဲကို လာမည့် ဧပြီ ၁၃ရက်နေ့ စနေနေ့တွင် ကျင်းပ ပြုလုပ်သွားသွားမည် ဖြစ်ပြီး အသေးစိတ် အစီအစဉ်များကို ပြန်ကြားရေးကော်မတီမှ ဆက်လက်ကြေငြာ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။