မှုး ဦးဇော်မင်းထွန်းတို့ကဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ယခင်လပတ်အစည်းအဝေးမှတ်တမ်းအား ဖတ်ကြားတင်ပြ အတည်ပြုခြင်း အဖွဲ့ဝင်ရေးရာ၊၂၄-၂-၂၀၁၃နေ့ CEC/ECဆွေးနွေးခဲ့မှု ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ထို့နောက်ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်နှင့်ပက်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ၂၀၁၂-၂၀၁၄ခုနှစ် အလုပ်အမှုဆောင်သက်တမ်း အတွက် ရေးရာဆပ်ကော်မတီများနှင့်စည်းကမ်းထိမ်းသိမ်းရေးကော်မတီဖွဲ့စည်း
အတည်ပြုခြင်းနှင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေများအား ဆွေးနွေးသုံးသပ်ခဲ့ပါသည်။
ဆက်လက်ပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် ဆိုင်ခန်းဖွင့်၍ ရံပုံငွေရှာဖွေရန်နှင့် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီး(၁၀)နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်မှု့များ ဆွေးနွေးအကြံပြုခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂နာရီတွင်ရပ်နားခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဉ်အရ ၆၈နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့(အကြို)
အထိမ်းအမှတ်အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ
- တော်လှန်ရေးနေ့ဆောင်းပါးတစ်ပုဒ်အား မအေးသန္တာမှလည်းကောင်း၊
- တော်လှန်ရေးနေ့ ဗိုလ်ချုပ်မိန့်ခွန်းအား မမေသူအောင်မှလည်ကောင်း၊
- တော်လှန်ရေးနေ့ တိုက်ပွဲရလဒ်အပေါ်သုံးသပ်ခြင်းကို မ၀င်းဝင်းလှိုင်မှလည်းကောင်း
- ဖက်ဆစ်စနစ်နှင့် ယနေ့မြန်မာနိုင်ငံဆောင်းပါးအား ကိုစိုနိုင်ဝင်းမှလည်းကောင်း
- ကျွန်တော်သိသော ဖက်ဆစ်စနစ်အကြောင်းအား အောင်ပြည့်ဖြိုး(၂)မှလည်ကောင်း
- ဖက်ဆစ်ဝါဒနှင့် တော်လှန်ရေးစိတ်ဓါတ်အား အဘဦးမောင်မောင်လှကြိုင်မှလည်းကောင်း
အခမ်းအနားကို နေ့လည် ၂နာရီတွင်ရပ်နား၍ အဖွဲ့၏ ရွှေရတုစာစောင်ဆက်လက်ရပ်တည် လည်ပတ်နိုင်ရန်အတွက် ဆပ်ကော်မတီဖွဲ့စည်း၍ ဆွေးနွေးတိုင်ပင်ညှိနှိင်းခဲ့ကြပါသည်။။
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( လွတ်မြောက်နယ်မြေ )ဂျပန်ဌာနခွဲ.