Sunday, February 3, 2013

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ဖေဖော်ဝါရီလ အလုပ်ကော်မတီ ပုံမှန် အစည်းအဝေးမှတ်တမ်း

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ ဖေဖော်ဝါရီလ အလုပ်ကော်မတီ ပုံမှန် အစည်းအဝေးအား ၂၀၁၃ ဖေဖော်ဝါရီလ ၃ရက်နေ့ မနက် ၉နာရီ တွင်ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိ အဖြစ်ဥက္ကဌ ဦးသန့်ဇင်ဦး ၊ အခမ်းအနားမှုးအဖြစ် အတွင်းရေး
မှုး ဦးဇော်မင်းထွန်းတို့ကဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အဖွဲ့ဝင်ရေးရာ၊၂၇-၁-၂၀၁၃နေ့ CEC/ECဆွေးနွေးခဲ့မှုရှင်းလင်းတင်ပြခြင်း
နှင့် ယခင်လပတ် အစည်းအဝေးမှတ်တမ်းဖတ်ကြားပြီးနောက်
၆၆နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား ပြင်ဆင်ထားမှုကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်နှင့်ပက်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် ၂၀၁၂-၂၀၁၄ခုနှစ် အလုပ်အမှုဆောင်သက်တမ်း အတွက် ရေးရာဆပ်ကော်မတီများနှင့်စည်းကမ်းထိမ်းသိမ်းရေးကော်မတီဖွဲ့စည်းရန်တောင်းခံခြင်းနှင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေများအား ဆွေးနွေးသုံးသပ်ခဲ့ပါသည်။

ဆက်လက်ပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ (၆၈)ကြိမ်မြောက်ဖက်ဆစ်တော်လှန်ရေးကျင်းပပြုလုပ်ရန်နှင့် ၂၅နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်မှု့များ ဆွေးနွေးအကြံပြုခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂နာရီတွင်ရပ်နားခဲ့ပါသည်။

ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( လွတ်မြောက်နယ်မြေ )ဂျပန်ဌာနခွဲ


....♥♥♥♥♥♥ ....