Thursday, January 24, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစတင်

Eleven Media Group

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားခရီးစဉ်အား ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ထွက်ခွာသွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ် ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများ နှင့် သီးခြားစီတွေ့ဆုံခြင်း၊ ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Pe- ace Fourm) သို့တက်ရောက်မိန့်ခွန်း ပြောကြားခြင်းနှင့် ဟာဝိုင်ယီငြိမ်း ချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဇန်န၀ါရီလ ၂၉ ရက် တွင်တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ ၌တောင်ကိုရီးယားသမ္မတလီမြောင် ဘတ်နှင့်သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသော မစ္စ ပက် ဂွန်းဟေးတို့အား တွေ့ဆုံသွားမည်ဖြစ် ကြောင်းလည်း သိရသည်။



....♥♥♥♥♥♥ ....