Sunday, January 20, 2013

ထားဝယ် စီးပွားရေး အထူးစီမံကိန်းများတွင် ပူးပေါင်းရန် ဂျပန်ကို ထိုင်းဖိတ်ခေါ်

The Myanma Age

ဘန်ကောက်၊ ဇန်န၀ါရီ ၁၈။

ထိုင်းအစိုးရသည်မြန်မာတွင် ဆောင်ရွက်နေသည့် ထားဝယ်
စီးပွားရေး အထူးစီမံကိန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်
ရွက်ရန် ဂျပန် အစိုးရအား ဖိတ်ခေါ်တိုက်တွန်းလိုက်ကြောင်း
သိရသည်။

ယမန်နေ့ ကထိုင်းအစိုးရအိမ်တော်၌ ကျင်းပခဲ့သော အစည်း
အဝေးတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်ထရာက ထားဝယ် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စက်မှုဇုန်များ
အတွက် ဂျပန်ကို ပါဝင်ရန် ကမ်းးလှမ်းထားကြောင်း ထုတ်ဖေါ်
ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် ထိုင်းသို့ အလည်အပတ် ရောက်ရှိ
နေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရှေ့တွင် ဤသို့
ပြောကြား လိုက်ခြင်း ဖြစ်ပြီး ဂျပန်နှင့် ထိုင်းသည် မြန်မာ
အပါအဝင် အရှေ့တောင်အာရှ ဒေသအတွင်း၌ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များ ချဲ့ထွင်သွားရန် သဘောတူခဲ့ကြောင်း
သိရသည်။

မြန်မာ၏ ပထမဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည့် ထားဝယ် စီမံကိန်းများတွင် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခု တည်ဆောက်
ရေး၊ သဘောင်္ကျင်းတစ်ခု တည်ဆောက်ရေး၊ စက်မှုဇုန်တစ်ခု တည်ဆောက်ရေး၊ ဓါတုလောင်စာဆီ စက်ရုံများ၊ ရေနံချက်
စက်ရုံများ၊ သံမဏိစက်ရုံများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများနှင့် ဘန်ကောက်-ထားဝယ်ဆက်သွယ်မည့် ကားလမ်း၊ ရထားလမ်းများ
လည်း ပါဝင်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ ရာထူးရရှိပြီး
နောက်ပိုင်း အာဆီယံခရီးစဉ်အဖြစ် ဗီယက်နမ်မှ ထိုင်းသို့ 
လာရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ဆက်လက်သွားရောက်
မည်ဟု သိရသည်။

Ref: Xinhua
Photo: Yingluck Shinawatra Facebook

....♥♥♥♥♥♥ ....