News of Myanmar
မကွေးမြို့ရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည့်နေရာသို့ နံနက်စောစောပိုင်းကတည်းက ဒေသခံများ ရောက်ရှိလာကြသည်။
ဆောင်းရာသီကို အံတုပြီး မြသလွန် ဘုရားအနီး ကွင်းပြင်ကျယ်တွင် စောင့်ဆိုင်းနေသော ဒေသခံများထံသို့ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ရောက်လာသည့် အချိန်မှာ နံနက် ၇း၄၅ ဖြစ်သည်။
မကွေးဒေသခံများသို့ ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် တချို့မှာ အောက်ပါအတိုင်း ဖြစ်သည် -
အပြောင်းအလဲ လုပ်တဲ့နေရာမှာ ကျမတို့ဘက်က တင်းတင်းမာမာနဲ့ မလုပ်သင့်ဘူး။ ပျော့ပျော့ပျောင်းပျောင်းနည်းနဲ့အများပြည်သူတွေအတွက် အကျိုးရှိမယ့်ဟာကို ရှာကြည့်ပီးတော့ လုပ်သွားရမယ်။
အခုကျမတို့ သွားနေတဲ့လမ်းက လွယ်တဲ့လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့လမ်းတခုဖြစ်ပါတယ်။ ဒီခက်ခဲတဲ့လမ်းခရီးကို အဆင်သင့်ဖြစ်နေအောင် ကျမတို့ ပြည်သူအနေနဲ့ အတူတကွ ခရီး ထွက်ကြမယ်။
ကြိုတင်ပြင်ဆင်မှုတွေ လူထုအနေနဲ့ အများကြီး လုပ်ထားဖို့လိုတယ်။ ဒါမှ ကောင်းမွန်သော နိုင်ငံသစ်တရပ်ဖြစ်လာမယ်။
နိုင်ငံက မဆင်းရဲပါဘူး။ ပြည်သူတွေက ဆင်းရဲနေတာ။
နိုင်ငံတော်ရဲ့ မြေအောက် သံယံဇာတ ပြီးတော့ ကျွန်းသစ်အပါအ၀င် လက်ရှိရောင်းစားနေတဲ့ဟာတွေကို သဘာဝ ပတ်ဝန်းကျင် ကာကွယ်တဲ့အနေနဲ့ ပြည်သူမှာ တာဝန်ရှိတယ်။
၈း၂ဝ ခန့်အထိ မကွေးတွင် မိန့်ခွန်းပြောခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ရေနံချောင်းမြို့သို့ ဆက်လက် ထွက်ခွာမည်ဟု သိရသည်။
ယမန်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ နတ်မောက်မြို့သို့ သွားရောက်ခဲ့သေးသည်။
____________________________________
Reference and Credit to -ဆောင်းပါးကောက်နှုတ်ချက်-နန်းဆိုင်နွမ် (ဧရာဝတီ),ဓာတ်ပုံ-DVB
Posted By Admin Team[NOM]
(
