၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှုရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အိန္ဒိယရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လား၊ မရောက်လား အဖြေသိချင်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒရှိလား မရှိလား ဆိုတာအပေါ်မှာ မူတည်ပါတယ်။ အခြေခံ ဥပဒေကို မပြင်ပဲလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တယ်၊ တရားမျှတတယ်လို့ ပြောလို့မရဘူး၊ လွတ်လပ်ချင် လွတ်လပ်မယ် ဒါပေမယ့် တရားမျှတမှာမဟုတ်ဘူး” ဟု အိန္ဒိယရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အတူ ပြည်ထောင်စုစနစ် ဖြစ်ထွန်းရေး၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက် ပင်လုံညီလာခံကဲ့သို့ ညီလာခံမျိုး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကျင်းပရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။
(ဇာနည်မာန် / ဧရာဝတီ)
အေးချမ်းမွန်မှ The Irrawaddy (Burmese Version) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။