Sunday, November 11, 2012

ဦးဥာဏ်ဝင်း၏ ဈာပနကျင်းပ ပြီးစီး




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ အဖွဲ့ ဝင်အမှတ် ၃၀ ဖြစ်သူ ဦးဥာဏ်ဝင်းအသက် ၆၁ နှစ်သည် ၇-၁၁-၂၀၁၂ ခုနှစ် ဂျပန်စံတော်ချိန်နံနက် ၅နာရီကျော်တွင် ကွယ်လွန်အနိစ္စရောက်၍ ဘ၀တပါးသို့ ကူးပြောင်းသွားခဲ့ပါသည်။

ဦးဥာဏ်ဝင်း၏ ဈာပနကို ၁၁-၁၁-၂၀၁၂ နေ့ တွင် မီးသင်္ဂြိုဟ်ပြီးစီးခဲ့ပြီး
အသုဘရှုကြွရောက် လိုက်ပါပို့ ဆောင်ပေးခဲ့ကြသည့် အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့် ခင်မင်ရင်းနှီးကြသောမိတ်ဆွေများ၊ အဖွဲ့အသီးသီးမျာအား ကျေးဇူးတင်ရှိပါသည်။

၁၃ ရက်နေ့(အင်္ဂါနေ့) နာကအီတာဘရှိ မြန်မာဘုန်းကြီးကျောင်းတွင်  ရက်လည် နေ့ ဆွမ်းကပ်မည်ဖြစ်ပါသောကြောင့် ကြွရောက်ပါရန်ဖိတ်ကြား
အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းနှင့်ပြန်ကြားရေးဌာန .

....♥♥♥♥♥♥ ....