Saturday, October 20, 2012

ရုံးခွဲ ဖွင့်လှစ်ခြင်းဖြင့် မြန်မာ့ဈေးကွက် အတွင်းသို့ NTT Com ဝင်ရောက်လာ

3323-ntt-coms-enters-myanmar-market
ဂျပန် ဆက်သွယ်ရေး ကော်ပိုရေးရှင်းကြီး ဖြစ်သော NTT Communications Corporation (NTT Com) က ယင်း၏ လက်အောက်ခံ လုပ်ငန်းဖြစ်သည့် NTT Communications (Thailand) Co., Ltd. အနေဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခွဲတစ် ခု ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၎င်းကုမ္ပဏီ အနေဖြင့် ပြည်တွင်းမှ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ မြန်မာ နိုင်ငံအတွင်း လုပ်ငန်းများ လုပ်ခြုံ စိတ်ချစွာဖြင့် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်အောင် ကူညီပေးမည့် ICT ဆိုင်ရာဝန်ဆောင် မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရုံးခွဲသည် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု အနေဖြင့် မြန်မာနိုင်ငံအတွင်း ပထမဆုံး ဖွင့်လှစ်သော ရုံးခွဲတစ်ခု ဖြစ် လာခဲ့သည်။ အခန်း အမှတ် ၁၅၀၄၊ ၁၅ လွှာ၊ ဆာကူရာ တာဝါ၊ အမှန် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသော အဆိုပါ ရုံးခွဲကို NTT Communicatoins (Thailand) ၏ ဥက္ကဋ္ဌနှင့် ဖနွမ်ပင်နှင့် ဗီယမ်ရှင်း ရုံးခွဲများ၏ မန်နေဂျာ ဖြစ်သော မစ္စတာ ဆုယိုရှိ ကာဝါရှီးမားက တိုက်ရိုက် စီမံ ခန့်ခွဲမည် ဖြစ်ကြောင်း သိရသည်။
NTT Com အနေဖြင့် လက်ရှိအချိန်တွင် cloud international နှင့် local network များ၊ data center များ၊ system integration နှင့် security ဆိုင်ရာ ဝန်ဆောင်မှုများ အပါအဝင် ICT ဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ အပါအဝင် မဲခေါင် မြစ်ဝှမ်းဒေသရှိ နိုင်ငံများ အတွင်း ဝင်ရောက် လုပ်ကိုင်နေကြသည့် နိုင်ငံတကာ ကုမ္ပဏီကြီးများထံ ဝန်ဆောင်ပေးလျက် ရှိသည်။
ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ထားသော အရှေ့-အနောက် စင်္ကြံလမ်းမ၊ ထိုင်း၊ လာအို၊ မြန်မာနှင့် တရုတ် ပြည်မ ယူနန်ပြည်နယ်တို့ကို ဆက်သွယ်ထားသော ကူမင်း-ဘန်ကောက် အမြန်မောင်း လမ်းမနှင့် ဗီယက်နမ်၊ ကမ္ဘောဒီး ယားနှင့် ထိုင်း နိုင်ငံတို့ကို ဆက်သွယ်ထားသော တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်းမ စသည့် အခြေခံ အဆောက်အဦများ အဆင့်မြှင့်တင်နေမှု လုပ်ငန်းများကြောင့် မဲခေါင် မြစ်ဝှမ်းဒေသအတွင်း နိုင်ငံတကာ ကုမ္ပဏီကြီးများ ဝင်ရောက် လုပ်ငန်း ချဲ့ထွင်မှု များ တစ်စထက် တစ်စ တိုးတက် များပြားလာလျက် ရှိသည်။
မဲခေါင် မြစ်ဝှမ်းဒေသအတွင်းရှိ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနှင့် ရောင်းဝယ် ဖောက်ကားရေး စနစ် များ တည်ထောင်နေကြသကဲ့သို့ သဘာဝ ဘေးအန္တရာယ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ကြံ့ကြံ့ခံရင်း လုပ်ငန်း ဆက်လက် ရပ် တည် နိုင်စေရန်အတွက် ကြိုပမ်းနေကြရာ အရည်အသွေးမြင့် ICT ဝန်ဆောင်မှု လုပ်ငန်းများ လိုအပ်မှု တဖြည်းဖြည်း မြင့်တက် လာခဲ့သည်။
အသစ်ဖွင့်လှစ်လိုက်သော မြန်မာရုံးခွဲအပါအဝင် မဲခေါင် မြစ်ဝှမ်းဒေသအတွင်း နိုင်ငံ ၅ နိုင်ငံ၏ မြို့ကြီး ၇ မြို့တွင် NTT Com ၏ လုပ်ငန်းခွဲနှင့် ရုံးခွဲများ တည်ရှိပြီး ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၃၁ နိုင်ငံ၏ မြို့ပါင်း ၈၇ မြို့တွင် NTT Com ၏ လုပ်ငန်းများ တည် ရှိကြောင်း သိရသည်။
---
Ref: NTT Com News
http://shwelone.com/


.

....♥♥♥♥♥♥ ....