လို့ကတော့ ကျွန်မအမြဲတမ်းပြောခဲ့ပါတယ်။
ကျွန်မတို့ဟာ ဒီမိုကရေစီရသေးတဲ့နိုင်ငံ
မဟုတ်ပါဘူး။
ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီစနစ်လို့ပြောလို့မရသေးပါဘူး။
လက်ရှိအခြေအနေအရဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့အခြေအနေရောက်
လာတယ်ဆိုတာကို ရှင်းပြဖို့သွားတာပါ။
ဒီမိုကရေစီ လမ်းစကိုရောက်တယ်ဆိုတာဟာ ဖြူးဖြောင့်နေတဲ့လမ်း မဟုတ်ပါဘူး။ ကျွန်မတို့ကိုယ်တိုင် ဖောက်ယူရမယ့်လမ်းပါ။
ကျွန်မတို့ကိုယ်တိုင်ဆိုတာ ဘယ်သူတွေလဲဆိုတော့ အဓိကကတော့ ပြည်သူလူထုပဲ။
ပြည်သူလူထုနဲ့ကျွန်မတို့အမြဲလက်တွဲလုပ်ကိုင်ခဲ့တဲ့ဒီမိုကရေစီအင်အားစုတွေ
ဖောက်ယူရမယ့်လမ်းဖြစ်ပါတယ်။
ဒီလိုပြောလို့ အစိုးရကရောလို့ တချို့ကမေးလိမ့်မယ်။ အစိုးရကတော့ ပြည်
သူလူထုရဲ့ ဆန္ဒအရ လိုက်လုပ်ရမှာပါ။
ဒါမှလည်း ဒီမိုကရေစီကျမှာပါ။ ကျွန်မတို့ ဖောက်တဲ့နေရာမှာလည်း အများကြီးသတိထားဖို့လိုတယ်။
အများကြီးလည်း ကြိုးစားဖို့လိုတယ်ဆိုတာ ကျွန်မပြောချင်ပါတယ်။ တချို့
ကဆိုလို့ရှိရင် အခုအခြေအနေကို အားလုံးကောင်းနေပြီလို့ အလွန်အကဲ အကောင်းမြင်တယ်လို့ ပြောရမှာပေါ့။
အားလုံးကောင်းနေတဲ့အခြေအနေ မဟုတ်သေးပါဘူးဆိုတာကိုလည်း ကျွန်မတို့ သဘောပေါက်ဖို့လိုတယ်။ အားလုံးကောင်းအောင် လုပ်ရမယ့်အခြေအနေပါ။
လုပ်နိုင်ဖို့လည်း အခွင့် အလမ်းတော့ရှိလာပြီ" ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၌ ကျင်းပပြုလုပ်သည့် အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
ဓာတ်ပုံ- ဂျောမောင်မောင်(အမရပူရ)
7 day news.
