မှတ်တမ်း-ဓါတ်ပုံ
မှတ်တမ်း-ဗွီဒီယို
မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး
(၉)နှစ်၅လပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍
တိုကျိုမြို့  ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင်
ယနေ့ အောက်တိုဘာလ (၃၀)ရက် နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ
ကျင်းပပြုလုပ်ခဲ့ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
သူရဦးတင်ဦးတို့၏ မြန်မာပြည် အထက်ပိုင်း စည်းရုံးရေးခရီးစဉ်
ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့်
နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခံခဲ့ကြပါသည်။ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး
စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ်
(၃၀)ရက်နေ့ ကျရောက်တိုင်း ဂျပန်နိုင်ငံတွင် ကျင်းပ
ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ မေ(၃၀)ဒီပဲယင်း လုပ်ကြံမှုတွင်
ပါဝင်ကျုးလွန်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာအရေးယူ
ဖြေရှင်းပေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းဖေါ်ထုတ်ပေး
ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ အမြန်ဆုံးလုပ်ဆောင်
အကောင်အထည်ဖော်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ
့အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိ သူများ
မြန်မာနိုင်ငံ တိုင်းရင်းသားများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
ဓါတ်ပုံဗွီဒီယို-နေမျိုးထင်ကျော်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
....♥♥♥♥♥♥ ....