“လူငယ်အစည်းအဝေးက ဘာမှကို မစီစဉ်ရသေးပါဘူး။ ဘယ်နေရာမှာလဲ
ဆိုတာ မသိသေးသလို၊ ဘယ်အချိန် ကျင်းပဖြစ်မယ်ဆိုတာ မသိသေးပါဘူး၊ စိတ်ကူးအစီအစဉ်ပဲ ရှိပါသေးတယ်၊ အဲ့ဒါကို တခြားဂျာနယ်က ရေးတာဖြစ်
မှာပါ။ ဗဟိုညီလာခံပြီးမှ လူငယ်အစည်းဝေးပြုလုပ်ဖို့တော့ရှိပါတယ်” ဟု ဒီချုပ်ပါတီအတွင်းရေးမှူး ဦးဟံသာမြင့်က ပြောသည်။
ဒီချုပ်ပါတီ ဗဟိုညီလာခံကို၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြု
လုပ်နိုင်ရန် စီစဉ်ထား ကြောင်းနှင့် ကျင်းပပြုလုပ်မည့်နေရာနှင့်နေ့ရက်ကိုမှု အတိအကျ မသတ်မှတ်နိုင်သေးကြောင်းကိုလည်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဒီချုပ်ပါတီလူငယ်အစည်းအဝေးကို ကျင်းပခြင်း မပြုလုပ်ရသေးသော်လည်း တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လူငယ်များအား ဗဟိုဌာနချုပ်ရုံးမှ လူငယ်စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း၊ ကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းအစရှိသော သင်တန်းများကို သင်ကြားပို့ချပေး
ကာ ပြည်ပနိုင်ငံများသို့ပညာတော်သင်စေလွှတ်ခြင်းများ ဆောင်ရွက်လျှက်
ရှိကြောင်းကိုလည်းသိရသည်။
ဒီချုပ်ပါတီ၏ ဖွဲ့စည်းပုံမူဝါဒတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တိုးတက်ဖွံ့ဖြိုးမှုအခန်း ကဏ္ဍများ ပါဝင်ကြောင်း၊ ၁၉၈၈ ခုနှစ်ကတည်းက စတင်ကာ လူငယ်များ၏ အရေးပါမူ အခန်းကဏ္ဍ အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် အောင်မြင်မှုမရှိခဲ့ကြောင်း၊ လက်ရှိအချိန်မှ အဆိုပါကဏ္ဍ အား အောင်မြင်ရန်နှင့် လူငယ်များအနေဖြင့်ပါဝင်ရန် အရေးကြီးကြောင်း ဦးဟံသာမြင့်က ဆက်ပြောသည်။
အဆိုပါ လူငယ်အစည်းအဝေးအား ဒီချုပ်လူငယ်များပင် အသေအချာ မသိရှိရသေးကြောင်း၊ အထက်မှ စီစဉ်ခြင်းသာဖြစ်နိုင်ကြောင်း ဒီချုပ်ပါတီမှ လူငယ်တာဝန်ခံ ဦးမြင့်ဋ္ဌေးက ဆိုသည်။
လက်ရှိအချိန်တွင် အင်အားကြီး ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီကလည်း ပထမအကြိမ်ပါတီ ညီလာခံအား ၂၀၁၂ ခုနှစ် အောက်တိုဘာ (၁၄)ရက်နေ့မှ စတင်ကာ (၁၆)ရက်နေ့အထိ နေပြည် တော်၌ ပြုလုပ်လျှက်ရှိသည်။
REF: Myit Makha Mediagroup
Posted by Admin Team-NOM