အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ကကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကိုသွားရောက်ပြီး ဒေသခံပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ တစ်နေရာနဲ့ တစ်နေရာ
တူညီနေကြကြောင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီးလုံလုံလောက်လောက် မရှိတဲ့ပြဿနာများ ဖြစ်ကြောင်း၊ ဒီအခက်အခဲတွေကို ဒေသ မခွဲခြားဘဲ ကူညီပေးမှာ ဖြစ်ကြောင်း၊ တဦးချင်းကို
အကူအညီပေးနိုင်မှာ မဟုတ်ပေမဲ့တတ်နိုင်သမျှကူညီသွားမှာ ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။