၆၅နှစ်မြောက် အာဇာနည်နေ့အား မော်လမြိုင် NLD အဖွဲ့ဝင်များ၊ အာဇာနည်ခေါင်းဆောင်များကို လေးစားကြသော ပြည်သူများ စုပေါင်းကြပြီး တားမြစ်ပိတ်ပင်မှုများ ကြားမှ မော်လမြိုင်မြို့နယ် NLD ရုံးတွင် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြပါသည်။ အစဉ်အလာအရ ကျင်းပသည့်နေရာဖြစ်သည့် သံလွင်ဥယျာဉ် အာဇာနည်ကုန်း ၀န်းကျင်တွင် စစ်တပ်နှင့် ရဲများ ချထားပြီး အလေးပြုခွင့် ဂါဝရပြုခွင့်ကို တင်းကျပ်စွာ ပိတ်ပင်တားဆီးထားကြသည်။
ပေးပို့သူ - ဆန်းလင်း


