အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားပေးဖို့ အလွန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံမှာ အသက်မွေးဝမ်းကြောင်း ပညာရပ်ကို သင်ကြားပေးဖို့ အလွန်အရေးကြီးကြောင်း မေလ ၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် NLD ရုံးခန်းဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ရုံးဖွင့်ပွဲကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နာယက ဦးတင်ဦးနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ဒေသခံပြည်သူအပါအ၀င် လူဦးရေ ထောင်နဲ့ချီတက်ရောက် လာခဲ့ကြပါတယ်။ တဆက်ထဲမှာလည် မေလ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံနဲ့ပတ်သက်လို့ ဒေသခံပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြပြောဆို ခဲ့ပါတယ်။
ရုပ်သံ။ ။Burma VJ Media