Tuesday, May 22, 2012

စည်ပင်သာယာ အကြမ်းဖက်ပြန်ပြီ






မေလ ၁၅ ရက်နေ့က ၊ လသာမြို့နယ် ၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ၊ ရန်ကုန်ဆေးရုံကြီး ရှေ့
ထမင်းဟင်းရောင်းနေတဲ့ဆိုင်ကို လသာမြို့နယ်
စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က စားသောက်ကုန်တွေ
ပစ္စည်းပစ္စယ တွေကို အတင်းအဓမ္မ လုယက် ဖျက်စီးခဲ့သလို ဈေးသည်ကိုပါ
ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ဈေးသည်တွေက ရဲစခန်းကိုတိုင်ကြားခဲ့တဲ့အပြင်
မီဒီယာပေါ်ကိုလည်း တင်လိုက်ပြီးနောက်ပိုင်း မေလ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်မှာ
စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းအယောက် ၁၀၀ လောက်ဟာ ဆေးရုံရှေ့မှာ
ထမင်းဟင်းရောင်းနေကြတဲ့ ဈေးသည်တွေရဲ့ စားသောက်ကုန်တွေ ပစ္စည်း ပစ္စယတွေကို
လုယက် သိမ်းဆည်းသွားသောကြောင့် ဈေးသည်တွေ အလုပ်လက်မဲ့ဖြစ်ပြီး
အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ 

ရုပ်သံ၊သတင်း။။ ဘားမားဗွီဂျေ.


....♥♥♥♥♥♥ ....